ကမ္ဘောဇဘဏ်က စင်ကာပူနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်

ကမ္ဘောဇဘဏ်က စင်ကာပူနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်

ရန်ကုန်၊ အောက်တိုဘာ ၆ ။                  ။ ကမ္ဘောဇဘဏ်လီမိတက်၏ ဒုတိယမြောက် နိုင်ငံတကာ ကိုယ်စားလှယ်ရုံးခွဲဖြစ်ပြီး စင်ကာပူနိုင်ငံတွင် ပထမ ဦးဆုံး နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးခွဲကို   အောက်တိုဘာလ ၆ ရက်နေ့က ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရှိ ကမ္ဘောဇဘဏ်၏ နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးခွဲသည် #40-01,One Raffles Place Office Tower One,Singapore 048616 တွင် တည်ရှိပြီး မြန်မာနှင့် စင်ကာပူ နှစ်နိုင်ငံ၏ ဥပဒေ၊နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများအတွက် သတင်းအချက်အလက်ဌာနအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဈေးကွက် သုတေသနလုပ်ငန်းများနှင့် ပုဂ္ဂလိကဝန်ဆောင်မှုများကို တစ်ပါတည်း လုပ်ဆောင်သွားမည် ဖြစ်သည်။

စင်ကာပူရုံးခွဲ၏ ကိုယ်စားလှယ် အရာရှိချုပ်ဖြစ်သူ ဦးဇော်လင်းအောင်က စင်ကာပူနိုင်ငံမှာ နိုင်ငံတကာဘဏ် ကိုယ်စားလှယ် ရုံးခွဲဖွင့်လှစ်နိုင်ခြင်းသည် မဟာဗျူဟာ မြောက်သောခြေလှမ်း  လှမ်းလိုက်နိုင်   ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာရန် တိုက်ရိုက်သော်လည်းကောင်း၊ အခြား နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် သွယ်ဝိုက်၍သော် လည်းကောင်း အကြံပြုပေး နိုင်မည်ဖြစ် ကြောင်းနှင့်မြန်မာ့စီးပွားရေးနှင့် ပက်သက်ပြီး ကျွန်တော်တို့၏ ကြွယ်ဝတဲ့ အသိအမြင် ဗဟုသုတတွေ ကနေတစ်ဆင့် စင်ကာပူ စီးပွားရေးလုပ်ငန်းများ အတွက် အကျိုးအမြတ်များရရှိစေနိုင်မည်ဟု ယုံကြည်မိကြောင်း က မ္ဘောဇဘဏ်၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

သြဂုတ်လ အတွင်းက  ထိုင်းနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးခွဲကို ဖွင့်လှစ်ခဲ့ပြီးနောက် မလေးရှား နိုင်ငံဗဟိုဘဏ်က ကမ္ဘောဇဘဏ်ကို မလေးရှားနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ပြုကြောင်း စက်တင်ဘာလ (၂၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားခဲ့သဖြင့် တတိယမြောက် နိုင်ငံတကာကိုယ်  စားလှယ်ရုံးခွဲကို မကြာမီ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။

ကမ္ဘောဇဘဏ် လီမိတက်သည် မြန်မာနိုင်ငံတဝှမ်းတွင် ဘဏ်ခွဲပေါင်း(၄၂၀)ကျော်ဖွင့်လှစ်ထားပြီး ဝန်ထမ်း ပေါင်း (၁၇၀၀၀)ကျော်ဖြင့် ခေတ်မီဘဏ် လုပ်ငန်းဝန်ဆောင်မှုများကို   ဆောင်ရွက်ပေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly