နိုင်ငံတကာက ၀ိုင်းဝန်းပြစ်တင်နေသည့်တိုင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးအပေါ် လူထုထောက်ခံမှု ဆက်လက် မြင့်တက်နေ

နိုင်ငံတကာက ၀ိုင်းဝန်းပြစ်တင်နေသည့်တိုင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးအပေါ် လူထုထောက်ခံမှု ဆက်လက် မြင့်တက်နေ

အောက်တိုဘာ ၆ ။                ။ ဖိလစ်ပိုင်သမ္မတသစ် ရိုဒရီဂို ဒူတာတေး ၎င်း၏ ရာထူးသက်တမ်း ပထမသုံးလတာအတွင်း လူထုထောက်ခံအားပေးမှုနှုန်း မြင့်တက်ခဲ့ကြောင်း စစ်တမ်းတစ်ရပ်တွင်   ဖော်ပြထားသည်။ အောက်တိုဘာ ၆ ရက်ကထုတ်ပြန်ခဲ့သော စစ်တမ်းအရ ၎င်း၏ မူးယစ်နှိမ်နင်းမှုလုပ်ငန်းစဉ်များအပေါ် လူထုက ထောက်ခံအားပေးထားကြောင်း ပြသနေသည်ဟု သိရသည်။

သမ္မတ ဒူတာတေး၏ အငြင်းပွား မူးယစ်နှိမ်နင်းရေးလုပ်ငန်းစဉ်အတွင်း လူပေါင်း ၃,၀၀၀ ကျော် သေဆုံးထားခဲ့ရပြီဖြစ်ရာ မဟာမိတ် အမေရိကန်နိုင်ငံ၊ ကုလသမဂ္ဂနှင့် အီးယူတို့ အပါအဝင်   နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝိုင်းဝန်းပြစ်တင်မှုနှင့် ရင်ဆိုင်ထားခဲ့ရသည်။

သို့သော် ယခုကောက်ယူခဲ့သော အမှီအခို ကင်းရှင်းသည့် စစ်တမ်းတစ်ရပ်အရ  ပြည်သူ ၇၆ ရာခိုင်နှုန်းမှာ သမ္မတသစ် ၏ စွမ်းဆောင်မှုများအပေါ် ကျေနပ်အားရနေကြပြီး အခြားသော ၁၁ ရာခိုင်နှုန်း ကတော့ သဘောမကျကြောင်း ဖော်ပြခဲ့ချိန်တွင် ကျန်သူများမှာမူ မဆုံးဖြတ်ရသေးဟု ဖြေကြားခဲ့ကြသည်။

" သမ္မတက အစကောင်းခဲ့တယ်လို့ပဲ ဆိုရမှာပေါ့၊ ခု သူလုပ်နေတာတွေကို ပြည်သူတွေကလည်း ယုံကြည်မှုရှိကြတာပဲလေ" ဟု ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ အာနက်စတို အဘယ်လာက ပြောသည်။

မနီလာအခြေစိုက် စစ်တမ်းကောက်ယူရေးအဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း လူငယ် ၁,၂၀၀ ၏ သဘောထားကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags