အမေရိကန်လေယာဉ်ပေါ် ဆမ်ဆောင်းက အသစ်ပြန်လဲပေးထားသည့် Note 7 ဖုန်းမှ မီးခိုးထွက်၍ ခရီးသည်များအား ရွှေ့ပြောင်းပေးရ

အမေရိကန်လေယာဉ်ပေါ် ဆမ်ဆောင်းက အသစ်ပြန်လဲပေးထားသည့် Note 7 ဖုန်းမှ မီးခိုးထွက်၍ ခရီးသည်များအား ရွှေ့ပြောင်းပေးရ

ချီကာဂို၊ အောက်တိုဘာ ၆ ။                   ။ အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ် လူးဝစ်ဗီးမှ ပျံသန်းမည့် Southwest လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စီးတွင် ခရီးသည်တစ်ဦး၏ ဆမ်းဆောင်းဖုန်းမှ မီးခိုးများ ထွက်လာ၍ ခရီးသည်များအား လေယာဉ်ပေါ်မှ ရွှေ့ပြောင်းပေးခဲ့ရသည်။

Flight 994 လေယာဉ်သည် ပြေးလမ်းတွင် ပျံတက်ရန် ရှိနေစဉ် ခရီးသည်တစ်ဦး ကိုင်ဆောင်သည့် ဆမ်ဆောင်းကုမ္ပဏီက အစားထိုးပြန်လဲပေးထားသည်ဆိုသော Note 7 ဖုန်းက မီးခိုးထွက်လာခြင်း   ကြောင့် ဖယ်ရှားရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောသည်။

“မိန်းတံခါးပေါက်ကနေပဲ ခရီးသည်တွေနဲ့ အမှုထမ်းတွေကို လေယာဉ်ပေါ် အန္တရာယ်ကင်းကင်း ဆင်းခိုင်းလိုက်နိုင်ပါတယ်။”ဟု လေကြောင်းလိုင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆမ်ဆောင်းကုမ္ပဏီက ဘတ္တရီပြဿနာကြောင့် ပေါက်ကွဲမှုဖြစ်၍ Note 7 ဖုန်းများအား ကမ္ဘာ့အနှံ့ ပြန်လည်သိမ်းယူခြင်းများ လုပ်ဆောင်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်လအတွင်း ယင်းဖုန်းများ ရောင်းချမှုကို ရပ်ထားပြီး ဖုန်းအလုံးပေါင်း ၂ ဒဿမ ၅ သန်း ပြန်လည်သိမ်းယူခဲ့သည်။

အမေရိကန်က ဆမ်ဆောင်းဖုန်းကိုင်ဆောင်သူ၏ ၆၀ ရာခိုင်နှုန်းခန့် ကုမ္ပဏီမှ ပြန်လဲပေးသည့် ဖုန်းများ ရရှိပြီးဖြစ်သည်။

လေယာဉ်ပေါ် မီးခိုးထွက်သည့် ဖုန်းကို ကိုင်ဆောင်သူ ဘရိန်းဂရင်းက ၎င်း၏ ဖုန်းမှာ ကုမ္ပဏီက ပြန်လည်လဲပေးထားသည့် ဖုန်းဖြစ်ကြောင်း ABC သတင်းဌာနသို့ ပြောသည်။ နည်းပညာသတင်း ဝက်ဘ်ဆိုက်ဖြစ်သော The Verge သတင်းက လေယာဉ်ပျံသန်းမည်ဖြစ်၍ ဘရိန်းက ဖုန်းကို ပါဝါပါ ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ The New York သတင်းကလည်း မျက်မြင်များကို ကိုးကားလျက် ယင်းအချက်က မှန်ကြောင်း အတည်ပြုရေးသားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly