အခွင့်ကောင်းယူပြီးတော့ အစိုးရကို အလကား အားတိုင်း နားရွက်တံတွေးသွား စွတ်တဲ့ ကိစ္စမျိုးတွေ ဖြစ်မလာဖို့ လိုအပ်တယ်

အခွင့်ကောင်းယူပြီးတော့ အစိုးရကို အလကား အားတိုင်း နားရွက်တံတွေးသွား စွတ်တဲ့ ကိစ္စမျိုးတွေ ဖြစ်မလာဖို့ လိုအပ်တယ်
ဓာတ်ပုံ-ဇာဂနာ၊ဦးသန်းစိုးနိုင်၊ဒေါ်မာမာဦး ဖေ့ဘုတ်

ရန်ကုန်၊ အောက်တိုဘာ ၅ ။          ။ စစ်အစိုးရလက်ထက်က နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ်ကွပ်ရာမှာ အသုံးပြုခဲ့တဲ့ ပုဒ်မ ၅ (ည) လို့ လူသိများတဲ့ ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်းဖို့ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ် ခဲ့ပြီး သမ္မတက ချက်ချင်းလက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေ ရုပ်သိမ်းလိုက်တဲ့အပေါ် နိုင်ငံရေးသမားများရဲ့ သ ဘော ထား အမြင်ကိုမေးမြန်းထားပါတယ်။

ဦးသန်းစိုးနိုင် - နိုင်ငံရေးလေ့လာသုံးသပ်သူ
ကျွန်တော်တို့ နိုင်ငံရေးသမားတွေ နောက် ကျွန်တော်တို့ အကျဉ်းကျ ခံခဲ့ရဖူးတဲ့ ပြည်သူတွေ နောက်တစ်ပြည်လုံးမှာရှိတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ ဝမ်းသာစရာသတင်းပါပဲ။ ပုဒ်မ ၅(ည)ဆိုတာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတဲ့ ခေါင်း စဉ်က အလွန်ကျယ်ပြန့်ပါတယ်။ အစိုးရနဲ့ မတူတဲ့ ပေါ်လစီ ၊ သဘောထား တစ်ခုပြောတယ် ဆိုရင်ကို ပုဒ်မ ၅(ည)နဲ့ အ ရေးယူ ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်တွေ အများကြီးပါ။ နောက်ပြီးတော့ ဒီပုဒ်မ ၅ (ည)နဲ့ ပတ်သက်ပြီးတော့ တရားစွဲတာတို့ ထောင်ဒဏ်ချမှတ်တာတို့ဆိုတာ အကန့်အသတ်မရှိ ကျင့်သုံးနိုင်တဲ့ အာဏာဖြစ်တဲ့အခါကျတော့ တကယ့်ကို လူ့အ ခွင့် အရေး ချိုးဖောက် နေတဲ့နေရာမှာ အတော် စံနမူနာကျတဲ့ ကိစ္စပါ။ ဒီလိုဥပဒေမျိုးကို ရုပ်သိမ်းလိုက်တဲ့ ဗမာ ပြည်ရဲ့ လူ့ အခွင့်အရေးအခြေအနေပိုပြီး ကောင်းလာမယ့် အလားအလာပါ၊ ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အလမ်း ပိုပြီး ကျယ် ပြန့်လာမယ့် အလားအလာဖြစ်တဲ့အတွက် ကျွန်တော်က ကြိုဆိုပါတယ်။

ဦးဇာဂနာ-ရုပ်ရှင်သရုပ်ဆောင်(နိုင်/ကျဉ်းဟောင်း)

ဒီသတင်းကို ကျွန်တော်လည်း မနက်ကတွေ့လိုက်ပါတယ်။ နှစ်ပိုင်းပေါ့နော်။ တစ်ပိုင်းကတော့ ကိုယ်တိုင်လည်း ပုဒ်မ ၅(ည)နဲ့ အဖမ်းခံရတဲ့ ထောင်ကျခဲ့ရတာဖြစ်တဲ့အတွက် ဒီပုဒ်မ မရှိတော့ဘူးဆိုတော့ ဒါကိုလည်း ကျွန်တော်ဝမ်း သာပါ တယ်။ ကျေလည်းကျေနပ်ပါတယ်၊ တစ်ဖက်မှာလည်း ဘယ်လိုဖြစ်လဲဆိုတော့ မရှိတာကို အခွင့်ကောင်းယူပြီးတော့ အစိုးရကို အလကားအားတိုင်း နားရွက်တံတွေးသွားစွတ်တဲ့ ကိစ္စမျိုးတွေ ဖြစ်မလာဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင် ပါတယ်။ ပုဒ်မ ၅(ည)ဆိုတာ ဦးနုအစိုးရလက်ထက်က ထုတ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရ လက်ထက်က ဥပဒေကို မှီငြမ်းပြီး ၁၉၅၀မှာ လုပ်ခဲ့တဲ့ဥပဒေဆိုပေမယ့် အလွယ်တကူတော့ဗျာ အလကားအားတိုင်း အစိုးရကို အပျင်းပြေနား ရွက်တံ တွေးစွတ်တဲ့ ကိစ္စမျိုးတွေ ဖြစ်မလာဖို့တော့ လိုအပ်ပါတယ်။ ဒါတွေကို ထိန်းသိမ်းဖို့တော့ ကောင်းပါတယ် ဝမ်းသာ တာ ကတော့ တစ်ပိုင်းပေါ့နော်။

ဦးသိန်းညွန့် - အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဌ
ကျွန်တော်က တစ်ခုလုံး ရုပ်သိမ်းဖို့ အရင်လွှတ်တော်တုန်းက တင်ခဲ့ပြီးပြီ။ နောက်ပိုင်းမှာ တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံ ရေးကို မထိခိုက် ၊ တပ်မတော်ရဲ့ဆောင်ရွက်ချက်လည်း မထိခိုက်စေအောင် အရေးကြီးတဲ့ သေဒဏ် တစ်သက် တစ် ကျွန်းထိုက်နိုင်တဲ့ ပုဒ်မ ၂ ပုဒ်မ ၃ ပုဒ်မ ၄ အဲ့ဒါတွေကို မပယ်ဖျက်တော့ဘဲနဲ့ အများထိခိုက်တဲ့ပုဒ်မတွေကိုသာ ပယ် ဖျက်ဖို့ ဥပဒေကြမ်းတင်ခဲ့တာပေါ့။ ဘာကြောင့်လဲဆိုတော့ တစ်က စစ်ပွဲတွေ မပြီးသေးဘူး။ ငြိမ်းချမ်းရေးမရသေးဘူး။ နောက်တစ်ခုက အကြမ်းဖက်အဖွဲ့တွေက ကျွန်တော်တို့ တိုင်းပြည်ရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အလားအလာ တွေရှိတယ်။ အဲ့ဒါတွေကြောင့် ဒီဥပဒေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်ကတော့ ပုဒ်မ ၂ ခုကိုပဲ ဖျက်သိမ်းဖို့တင်ခဲ့တယ်။ အကယ်၍ တစ်ခုလုံးကို ဖျက်သိမ်းရင်လည်း အခုကာလအခြေအနေနဲ့ ကိုက်ညီတဲ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေး ကို ပေးနိုင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းပေးဖို့လိုတယ်။ ဖျက်သိမ်းပြီးတော့ ဟာကွက်ကြီး ကျန်နေတယ်ဆိုရင် ဥပဒေ မရှိ တော့ရင် ပေါ်ပေါက်လာနိုင်တဲ့ နိုင်ငံတော်လုံခြုံရေးအခြေအနေများကို စဉ်းစားဖို့လိုတယ်။ အဲ့ဒါကြောင့် လူ့အခွင့် အရေး အတွက် နိုင်ငံရေးအကျဉ်းသားတွေကို မဖြစ်အောင် ဟန့်တားဖို့လိုသလို၊ ကျန်တဲ့ ကျွန်တော်တို့နိုင်ငံလုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အမျှော်အမြင်နဲ့ ပြဌာန်းသင့်တဲ့ ဥပဒေများကိုလည်း ပြဌာန်းဖို့လိုအပ်ပါတယ်။

ဒေါ်မာမာဦး(နိုင်ငံရေးအကျဉ်းသားဟောင်း)

ပုဒ်မ ၅(ည)ဆိုတာ အင်္ဂလိပ်ခေတ်ကတည်းကိုက အရေးပေါ်အက် ဥပဒေအနေနဲ့ ထုတ်ပြန်တာ။ ပြောရမယ်ဆိုရင် အုပ်ချုပ်တဲ့ အစိုးရအနေနဲ့ ပြည်သူလူထုပေါ်မှာ ဖိနှိပ်လို့ရအောင် တိုးတက်တဲ့အမြင်တွေရှိတယ်၊ တော်လှန်ရဲတဲ့ သ တ္တိရှိတဲ့ လူတွေကို တဖက်သတ် ဖိနှိပ်ဖို့ရာအတွက် ချုပ်ချယ်ထားတဲ့ ဥပဒေ။ ဒီပုဒ်မ ၅(ည)ဟာ အရေးပေါ်နိုင်ငံရေး အက်ဥပဒေအဖြစ်နဲ့ ထွက်ပေါ်လာရတဲ့အကြောင်းရင်းက အုပ်ချုပ်သူလူတန်းစားကို ကာကွယ်ပေးတဲ့ ဥပဒေ အဲ့တော့ မရှိသင့်တော့ဘူး။လက်ရှိ မြန်မာနိုင်ငံအစိုးရက ဒီမိုကရေစီ လမ်းစဉ်ကိုသွားနေတယ်။ ပြည်သူက ရွေးချယ်ပေး လိုက် တဲ့ပြည်သူ့အစိုးရဖြစ်တယ်။ ပြည်သူလူထုအပေါ်မှာလည်း ပြည်သူ့အသံ လွှတ်တော်အသံ ပြည်သူ့အကျိုးကို ဆောင် ရွက်မယ့်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်သွားတဲ့ အစိုးရဖြစ်တဲ့အတွက် ဒီဥပဒေပုဒ်မတွေ ရုပ်သိမ်းလိုက်တာကို ကျွန်မ တော့ကြိုဆိုတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly