ငလျင်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားများကို ပြုပြင်ရန် အချိန်ငါးနှစ်ခန့် ယူရမည်ဟုခန့် မှန်းထား

ငလျင်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားများကို ပြုပြင်ရန် အချိန်ငါးနှစ်ခန့် ယူရမည်ဟုခန့် မှန်းထား
Photo-epa
 

ရန်ကုန် အောက်တိုဘာ ၅ ။             ။ ငလျင်ကြောင့် ပျက်စီးသွားသော ပုဂံဘုရား စုစုပေါင်း (၃၈၉)ဆူ ခန့်ကိုပြုပြင်ရန် အချိန် ငါးနှစ်ခန့် ယူရမည်ဟုခန့် မှန်း ထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၏ ညွန်ကြားရေးမှူးဖြစ်သူ ဦးအောင် အောင်ကျော်က ဆိုသည်။

ပုဂံဘုရားများကို ပြုပြင်ရန် ပထမဦးစားပေး၊ ဒုတိယဦးစားပေးနှင့် တတိယဦးစားပေးအဆင့် ဟူ၍ ဦးစားပေး အစီစဉ် အ လိုက် ဆောင်ရွက်ရန်ခန့်မှန်းထားပြီး ပထမဦးစားပေးနှင့် ဒုတိယဦးစားပေး အဆင့်တွင် ဘုရားအဆူ (၈၉)ဆူ နှင့် တ တိယ ဦးစားပေးအဆင့်တွင် ဘုရားအဆူ(၃၀၀)ခန့် ပါဝင်ကြောင်း ခန့်မှန်းထားသည်။

ပထမဦးစားပေးနှင့် ဒုတိယဦးစားပေး ပြုပြင်ရန်အဆင့်တွင် အပျက်အစီးကြီးမားသော ဓမ္မရံကြီးဘုရား၊ ဂူပျောက်ကြီး ဘု ရား အစရှိသောဘုရား တို့ပါဝင်ပြီး ပြုပြင်ရန် အချိန်(၂)နှစ်ခန့်ယူရမည်ဟု ခန့်မှန်းထားပြီး တတိယဦးစားပေး အဆင့် တွင် သာမန် အက်ကွဲကြောင်းလောက်သာ အသေးစားပျက်စီးခဲ့သော ဘုရားစေတီများ ပါဝင်သည်။

"အရေးပေါ် ထိန်းသိမ်းမှုများကို အရင်ဆောင်ရွက်နေပါတယ်၊ မိုးရွာလို့ ဘုရားတွေအက်ကွဲကြောင်းတွေထဲမှာ ကွဲအက် သွားတာမျိုး မဖြစ်အောင် အမိုးအကာမိုးတာတို့၊တချို့ပြုတ်ကျလုဆဲဆဲ နေရာမျိုးမှာ ငြမ်းတွေနဲ့ ညှပ်လိုက် တာတို့၊ ယိုင်လဲသွားမယ့် နေရာကို ထောက်ထားတာတို့ အဲ့ဒီလိုမျိုး အရေးပေါ်ထိန်းသိမ်းမှုတွေကို ဆောင်ရွက်နေပါတယ်" ဟု ဦးအောင်အောင်ကျော်က ဆိုသည်။

ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပက်သက်၍ "ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကတော့ ပညာရှင်တွေအဖွဲ့ကနေ ာညပျက်စီး သွား တဲ့ ဘုရားတွေကို စစ်ဆေးပြီး ဘယ်လိုပြုပြင်သွားရမလဲ လေ့လာပြီးတော့မှ ရရှိလာတဲ့ အကြံပြုချက် တွေနဲ့ လုပ် သွား မှာပါ၊ အဲ့လိုလုပ်နိုင်ဖို့က ဒီဇင်ဘာ၊ ဇန်နဝါရီလလောက်မှ စတင်လုပ်နိုင်မယ်"ဟုဆိုသည်။

ပုဂံဘုရားများကို ပြုပြင်ရန် လက်ခံရရှိထားသော ငွေများမှာ သိန်း၂သောင်း ၅ထောင်ကျော်ဖြစ်ပြီး စုစုပေါင်းကုန် ကျစ ရိတ်မှာ ပညာရှင်များ၏ သုံးသပ်ချက်၊အကြံပြုချက် ထွက်ပေါ်လာမှသာ တွက်ချက်မှုပြုလုပ်ပြီး မည်မျှကုန်ကျ မည်ကို သိနိုင်မည်ဟုလည်း ၎င်းကဆိုသည်။

အရေးပေါ်ထိန်းသိမ်းမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်မှ အင်ဂျင်နီယာ အဖွဲ့များ၊ ဆောက်လုပ် ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာအဖွဲ့နှင့် ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်မည် ဖြစ်သည်။

 အဆိုပါ ပုဂံဘုရားများအား ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်  Huawei နည်းပညာ (ရန်ကုန်) ကုမ္ပဏီလီမိတက်က မြန်မာကျပ်ငွေ သိန်း ၅၀၀ကို ယဉ်ကျေးမှုနှင့် သာသနာရေးရာဝန်ကြီးဌာနသို့ အောက်တိုဘာလ ၄ ရက်နေ့က လှူဒါန်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags