အင်ဒိုနီးရှားမှ ပြန်လာသည့် ရေလုပ်သား ၅၀၀ ကျော်က လုပ်ခလစာ ပြန်လည်ရရှိရေးအစိုးရမှ ကူညီပေးရန်တောင်းဆို

အင်ဒိုနီးရှားမှ ပြန်လာသည့် ရေလုပ်သား ၅၀၀ ကျော်က လုပ်ခလစာ ပြန်လည်ရရှိရေးအစိုးရမှ ကူညီပေးရန်တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၅ ။              ။ အင်ဒိုနီးရှားနှင့် ထိုင်းငါးဖမ်းလှေများပေါ်တွင် လုပ်ခ လစာမပေးဘဲ လူကုန်ကူး အဓမ္မစေခိုင်းခံခဲ့ရသည့် မြန်မာရေလုပ်သား ၅၀၀ ကျော်   မြန်မာပြည်သို့ပြန်ရောက်သည်မှာ ၁ နှစ်ကျော်သော်လည်း အလုပ်ရှင်များထံမှ လုပ်ခလစာမရရှိ သေး သောကြောင့် ပြန်လည်ရရှိရန် အစိုးရမှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုလိုက်သည်။

“ ကျွန်တော်တို့ရဲ့ လုပ်အားခ လစာတွေကို အစိုးရအသစ်နဲ့ အဟောင်းနဲ့ကြားမှာ ပြောင်းလဲသွားတာတွေ အစိုးရအ သစ်က လည်း သိချင်မှသိမယ် မသိရင်လည်းမသိဘူး သိရဲ့သားနဲ့လှစ်လျူရှူ့ထားတာလည်း ဖြစ်ချင်ဖြစ်မယ် အဲဒီ တော် ကျွန်တော်တို့က အသိပေးတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့လုပ်အားခ တွေကို ကူညီပြီး တော့ တောင်းဆို ပေးကြပါ ဆိုပြီး တော့ အသိပေးတဲ့သဘောပါ “ ဟု ရေလုပ်ငန်းတွင် ၅နှစ်ကြာ လုပ်အားခမရဘဲ ခိုင်းစေခံခဲ့ရသည့် ကိုလှိုင်မင်းက ပြောဆို သည်။

အောက်တိုဘာ ၅ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) တွင် ပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ ငါးဖမ်းလှေများ ပေါ် တွင် ကျွန်ပြုခံခဲ့ရပြီး ပြန်လည်ရောက်ရှိလာသော မြန်မာငါးဖမ်းသမားများအနေဖြင့် လက်ရှိအခြေအနေတွင် ကြုံတွေ့ နေရသည့် အခက်အခဲများ သတင်းစာရှင်လင်းပွဲတွင် ရေလုပ်သားများကတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ရေလုပ်သားများ မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာသည့် အချိန်တွင် အလုပ်အကိုင်ရှားပါးနေပြီး ကြုံရာကျပန်းများ ကို လုပ်ကိုင်နေရသည်ဟု ရေလုပ်ငန်းတွင် ၁၀ နှစ်ခန့် လုပ်အားခမရဘဲ ခိုင်းစေခံခဲ့ရသည့် ကိုမြင့်ဝေက ဆိုသည်။

အင်ဒိုနီးရှားမှ ပြန်ရောက်လာသည့် ရေလုပ်သားထဲတွင် အနည်းဆုံး ၄ နှစ်ခန့်မှ ၁၀ နှစ်ကျော်ထိ လူကုန်ကူး အတင်း အဓ မ္မခိုင်းစေခံရသူများ ရှိနေသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ အင်ဒိုနီးရှားသံရုံး၊ ထိုင်းသံရုံး နှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနသို့ မေးမြန်းရန် ကြိုးမ်းခဲ့သော်လည်း မရရှိခဲ့ပေ။

အင်ဒိုနီးရှား ဘန်ဂျီးနား ကျွန်းတွင် ရှိစဉ် လှေသား ၅၀၀ ကျော်ထဲမှ ၂၀၅ ဦးသည် ထိုင်းသူဌေးနှင့် ပဲ့နင်းများဆီမှ လုပ်ခ လစာ ပြန်လည်ရရှိမှ ပြန်လိုကြောင်းပြောခဲ့သော်လည်း မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲမှူးကြီး ခင်မောင် လှ ဦးဆောင်သည့်အဖွဲ့မှ ပြန်ရောက်ပြီး အများဆုံး ၆လ အတွင်းရရှိမည်ဟု ဂတိပေးခဲ့ကြောင်း ပါဝင်သည့် စာတစ် စောင်ကို စက်တင်ဘာလ ၁၂ရက် နေ့က အမျိုးသားလွှတ်တော်သို့ ပေးပို့ထားကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီအနေဖြင့် ဥပဒေများပြုပြင်ခြင်း ကိစ္စများ ပြုလုပ် နေပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ပြန်ရောက်ရှိသည့် မိသားစုများတွင် မည်သည့်အခြေနေရှိသည်ကို အချက်အလက် အ ပြည့်စုံ မရရှိသေးကြောင်း ကော်မတီ ဥက္ကဌ ဦးကျော်ထွေးက ဆိုသည်။

“သံရုံးက စာတွေတော့ ပေးထားတာရှိတယ်။ အရင်တုန်းကရှိခဲ့တဲ့ အမှုဖြစ်စဉ်နှင့် စာအသွားအလာပေါ့ ။ အဲဒါကတော့ လူအခွင့်အရေးအဖွဲ့ကပေးထားတာ။ အဲဒီ ဟာပဲ လောလောဆယ် ရှိသေးတယ် (လွှတ်တော်တွင်) မေးခွန်းမေးဖို့ တော့ လောလောဆယ်မရှိသေးဘူးခင်ဗျ“ ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်ထိ လုပ်ခလစာနှင့် ပက်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ အကြောင်းကြားလာခြင်းမရှိသေးကြောင်း ကိုလှိုင်မင်းက ပြောသည်။

ငါးဖမ်းစက်လှေများပေါ်တွင် လူကုန်ကူးခံခဲ့ရသည့်  မြန်မာ လှေလုပ်သား ၅၀၃ ဦးသည် အစိုးရ အစီစဉ်ဖြင့် ၂၀၁၅ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသို့ပြန်လည ်ရောက်ရှိခဲ့သည်။

ရေလုပ်သားအများစုသည် အင်ဒိုနီးရှား ဘန်ဂျီးနား ဖူဆာကာကုမ္ပဏီနှင့် ထိုင်းနိုင်ငံ ဆေးဗားစီးတီးကုမ္ပဏီမှ ရေလုပ် သားများဖြစ်ပြီး AP သတင်းဌာန၏ အဆက်အသွယ်ဖြင့် သံရုံး၊ မြန်မာနိုင်ငံအစိုးရနှင့် IOM, World Vision အဖွဲ့များက ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly