တိုင်ဖုန်းမုန်တိုင်း ချဘာ တောင်ကိုရီးယားကို ၀င်ရောက်တိုက်ခတ်၍ ငါးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေ

တိုင်ဖုန်းမုန်တိုင်း ချဘာ တောင်ကိုရီးယားကို ၀င်ရောက်တိုက်ခတ်၍ ငါးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေ

အောက်တိုဘာ ၅ ။       ။ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ချဘာ အောက်တိုဘာလ ၅ ရက်က တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ငါးဦးထက်မနည်းသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတောင်ပိုင်း ဘူဆန်နှင့် အူလ်ဆန်မြို့အပြင် ဂျယ်ဂျူကျွန်းတို့တွင် မုန်တိုင်းကြောင့် သေဆုံးသူများ ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

အလားတူ မုန်တိုင်းကြောင့် နိုင်ငံတွင် နေအိမ်ပေါင်း ၂၁၀,၀၀၀ လည်း လျှပ်စစ်မီးပြတ်တောက်သွားကြောင်း သိရသည်။ သို့သော် နိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်အတွက် လျှပ်စစ်မီးများ ပြန်လည်ရရှိအောင်လုပ်ဆောင်ထားပေးနိုင်ခဲ့ကြောင်း နိုင်ငံပိုင်လျှပ်စစ် ဖြန့်ဖြူးရေးကုမ္ပဏီက ပြောသည်။

ယခုအခါ နိုင်ငံရှိ အဓိက ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းနေရာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေရာ စက်ရုံတစ်ချို့တွင် ထုတ်လုပ်မှုများ ရပ်ဆိုင်းထားရသည်။

အောက်တိုဘာလ ၅ ရက်က မုန်တိုင်းကြောင့် လေပြင်းများကျရောက်ပြီး မိုးကြီးနေခြင်းကြောင့် လေကြောင်းခရီးစဉ်များလည်း ဖျက်သိမ်းထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly