ကော့မှူးမြို့နယ် အတွင်းရှိ စားကျက်မြေများကို ပြန်လည်ဖော်ထုတ်ပေးရန် အစီအစဉ်မရှိ

ကော့မှူးမြို့နယ် အတွင်းရှိ စားကျက်မြေများကို ပြန်လည်ဖော်ထုတ်ပေးရန် အစီအစဉ်မရှိ
ဓါတ်ပုံ-ဇေယျာမော်

ရန်ကုန်၊ အောက်တိုဘာ ၅ ။              ။ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းရှိ စားကျက်မြေများကို ပြန်လည်ဖော်ထုတ်ပေးရန် လတ်တလော အစီ အစဉ်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြော သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)တွင် ကော့မှူး မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်၏ "စားကျက်မြေများ ပြန်လည်ဖော်ထုတ်ပေးရန် အစီအစဉ်ရှိ မရှိ" မေးခွန်းကို ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

"ကိုယ်စားလှယ်တော်ကြီး မေးတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ကော့မှူးမြို့နယ်အတွင်းမှာ စားကျက်မြေများကို ပြန်လည် ဖော်ထုတ်ရန်အတွက်တော့ လတ်တလော ကျွန်တော်တို့ အစီအစဉ် မရှိသေးပါကြောင်း ပန်ကြားအပ်ပါတယ်" ဟု ဗိုလ်မှူး ကြီး တင်အောင်ထွန်းက လွှတ်တော်တွင် ပြန်လည်ဖြေဆိုခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်က ကော့မှူးမြို့နယ်အတွင်း စားကျက်မြေကွင်းပေါင်း ၃၉ ကွင်း၊ စားကျက်မြေ ဧရိယာပေါင်း ၆၉၈၇ ဧက ရှိကြောင်း ၊ စားကျက်မြေ ဧရိယာအတွင်း လယ်ယာစိုက်ပျိုးခြင်း ၊ ရာဘာစိုက်ပျိုးခြင်း ၊ လက်လွှဲရောင်းချခြင်းများရှိနေသောကြောင့် စားကျက်မြေများကို ပြန်လည်ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကျွဲနွား စားကျက်မြေ ဧက ၆၉၈၇ ဧက ရှိသည့်အနက် ၂၈၅၀ ဧကသာ ကျွဲနွား စားကျက်မြေအဖြစ် အသုံးပြုပြီး ကျန်ရှိ သည့် ဧက ၄၁၃၇ ဧက တွင် လယ် ၊ ဝါးခြံ ၊ ရာဘာ ၊ သီဟိုဌ်/ သရက် ၊ ရာသီသီးနံှ၊ လူနေအိမ် များအသုံးပြု နေကြောင်း စိစစ်တွေ့ရှိရပြီး လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီအဆင့်ဆင့်က စားကျက်မြေတိုးချဲ့မှု မရှိအောင် ကွင်းဆင်း စစ်ဆေး လျက်ရှိကြောင်း နယ်လုံဝန်ကြီးက လွှတ်တော်တွင် ပြန်လည်ဖြေဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly