ANP အနေဖြင့် ရခိုင်ကော်မရှင်၏ ဆောင်ရွက်ချက်များကို မျက်ခြေမပြတ် စောင့်ကြည့်မည်ဟု ဆို

ANP အနေဖြင့် ရခိုင်ကော်မရှင်၏ ဆောင်ရွက်ချက်များကို မျက်ခြေမပြတ် စောင့်ကြည့်မည်ဟု ဆို

မြောက်ဦး၊ အောက်တိုဘာ ၅ ။                   ။ ရခိုင်ပြည်နယ် အတွင်းရှိ သိမ်မွေ့နက်နဲသည့် ပြဿနာရပ်များကို ဖြေရှင်းရန် အကြံပြုချက်များ ရှာဖွေမည့် မစ္စတာကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရခိုင်ကော်မရှင်၏ ပြုမူဆောင်ရွက်ချက်များကို ရခိုင်အမျိုးသားပါတီ ANP မှ မျက်ခြေမပြတ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပါတီ ဗဟို ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောသည်။

“ကော်မရှင်နဲ့ ပတ်သက်ပြီးတော့ အရင်က ကျွန်တော်တို့ ချမှတ်ထားတဲ့အတိုင်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကော်မရှင်ရဲ့ လှုပ်ရှားမှု အရပ်ရပ်တိုင်းကို မြို့နယ် တိုင်းကနေ ပြီးတော့ စောင့်ကြည့်ထားမယ်။

မြို့နယ်တွေကို ဆင်းတဲ့အခါ မြို့ နယ် ပါတီတွေက သတင်းအချက်အလက်တွေ ရယူပြီး ဗဟိုကို တင်ပြသွားမှာကို သဘောတူတယ်။ ပြီးတော့ လိုအပ်လာလို့ ရှိရင် လိုအပ်သလို လုပ်ဆောင်သွားမှာ   ဖြစ်ပါတယ်။ ဘာတွေ လုပ်မယ်ဆိုတာတော့ လောလောဆယ်မှာ မဆွေးနွေးခဲ့ ပါဘူး။” ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

မြောက်ဦးမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော ရခိုင်အမျိုးသားပါတီ၏ ပထမ ဦး ဆုံး မြို့နယ်ပေါင်းစုံ မျက်နှာစုံညီ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၎င်း အစည်းအဝေးကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုနှင့် ရခိုင်အမျိုးသားပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝ မဲဆန္ဒနယ်မြေ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှ ပါတီကိုယ်စားလှယ်များ ကပါ တက်ရောက်ခဲ့ကြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ၏ ရှေးလုပ်ငန်းစဉ်နှင့် ပါတီအတွင်းရေး ကိစ္စရပ်များ၊ ၂၀၁၇ ခု နှစ်တွင် ကျင်းပမည့် ပါတီဗဟို ညီလာခံကိစ္စရပ်များ၊ ရခိုင်ပြည် နိုင်ငံရေး အကျဉ်း အကျပ်နှင့် စိန်ခေါ်မှုများအား မည် ကဲ့သို့ ဖြတ်ကျော်သင့်သည့် ကိစ္စရပ်များအပြင် ရခိုင်ပြည်နယ် ဘတ်ဂျတ်လျာထားမှုနှင့် လွှတ်တော်၏ အခန်းကဏ္ဍ များကိုလည်း ထည့်သွင်းဆွေးနွေးမှုများ   ပြုလုပ်ခဲ့သည်။

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်အရေး စုံစမ်းရေးကော်မရှင် သည်လည်း ရခိုင်ပြည် နယ်အတွင်း အရေးကြီးသည့် နိုင်ငံရေး လုပ်ငန်းစဉ်များထဲတွင် တစ်ခုအပါဝင်ဖြစ်သည့် အတွက် ယင်းကော်မရှင်  အပေါ်တွင် ရခိုင်အမျိုးသားပါတီ အနေဖြင့် လက်မခံနိုင်ကြောင်း အဆိုပါ ကော်မရှင်ကို ဖျက်သိမ်းပေးရန် တောင်းဆို ထားခဲ့မှုများလည်း ရှိခဲ့ပြီး ယခုအ စည်းအဝေးတွင် မြို့နယ်ပေါင်းစုံမှ သဘောထား များကို   ရယူကာ ကော်မရှင်အပေါ် ပါတီ၏ သဘောထားများကို ချ မှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly