ထိုင်းအောစတား ၀-၄ လီဗာပူးလ်

ထိုင်းအောစတား ၀-၄ လီဗာပူးလ်

ဇူလိုင် ၁၅၊ ဘန်ကောက်။ ။ လီဗာပူးလ်အသင်းဟာ ပထမဆုံးရာသီကြို ခြေစမ်းပွဲမှာတော့ ထိုင်းအောစတားအသင်းကို ၄-၀ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာဟာ ပထမပိုင်းမှာ တစ်သင်း၊ ဒုတိယပိုင်းမှာ တစ်သင်း အသုံးပြုသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးသမားဘော့ဒန်၊ ဂိုမက်ဇ်၊ တိုရေး၊ ဆာခို၊ ဝှစ်ဒန်၊ လူးကပ်စ်၊ ရော့စီတာ၊ တီဇီရာ၊ မာကိုဗစ်၊ ဒန်နီအင့်စ်၊ ရစ်ကီလမ်းဘတ်တို့ကို အသုံးပြုခဲ့ပါတယ်။

ပွဲချိန် သုံးမိနစ်မှာပဲ မာကိုဗစ်က အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီး သုံးမိနစ်အလိုမှာ ဆာခိုက ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂိုးသမားနေရာမှာ မစ်ဂ်နိုလက်၊ ခံစစ်မှာ ကလိုင်နီ၊ စကာတယ်၊ လိုဗရန်၊ မက်ဂူရီ၊ ကွင်းလယ်နဲ့ တိုက်စစ်မှာ ဟန်ဒါဆင်၊ လယ်လာနာ၊ မီလ်နာ၊ အိုင်ဘီ၊ ဂျိုးအလန်နဲ့ အိုရီဂီတို့ကို အသုံးပြုခဲ့ပါတယ်။

ဒုတိယပိုင်း ၅၂ မိနစ်မှာ လယ်လာနာက တတိယဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ဆုံးဂိုးကို ပွဲချိန် ၈၆ မိနစ်မှာ အိုရီဂီက သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်းကို ထိုင်းပရိသတ် ထောင်ပေါင်းများစွာက လာရောက်အားပေးခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းဟာ ဒုတိယခြေစမ်းပွဲစဉ်အဖြစ် လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့မှာ သြစတြေးလျကလပ် ဘရစ်ဘန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly