Google က စမတ်ဖုန်းအသစ် Pixel ကို မိတ်ဆက်

Google က စမတ်ဖုန်းအသစ် Pixel ကို မိတ်ဆက်
(ဓာတ်ပုံ - အီးပီအေ)

Pixel လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းအသစ်နှင့် Daydream View virtual reality နားကြပ်တို့ကို Google က အောက်တိုဘာ ၄ ရက် ဆန်ဖရန်စစ္စကို အခမ်းအနားမှာ စတင် မိတ်ဆက်ခဲ့ပါတယ်။

Google က မျက်နှာပြင် အရွယ်အစား ၅ လက်မရှိ Pixel နှင့် ၅.၅ လက်မရှိ Pixel XL စမတ်ဖုန်းသစ် နှစ်မျိုးလုံးရဲ့ "အတွင်းနှင့် အပြင်" ကို ဖန်တီးထားကြောင်း ဖော်ပြထားပါတယ်။

ဖုန်းနှစ်ခုလုံးမှာ Snapdragon 821 ပရိုဆက်ဆာ ပါရှိပြီး အနက်ရောင်၊ ငွေရောင်နဲ့ အပြာရောင်များအဖြစ် အရောင်သုံးမျိုး ပါရှိပါတယ်။ Pixel XL ရဲ့ ဘက်ထရီက 3450mAh ဖြစ်ပြီး Pixel ရဲ့ ဘက်ထရီကတော့ 2770mAh ဖြစ်ပါတယ်။ Pixel ရဲ့ ကင်မရာက 12.3 megapixel ဖြစ်ပါတယ်။

ဖုန်းနှစ်လုံးဟာ ညီမျှတဲ့ ဘက်ထရီသက်တမ်းရှိပြီး အလျင်အမြန် အားပြည့်နိုင်ပါတယ်။ ဒါ့ကြောင့် (၁၅) မိနစ်တကြိမ် ဘက်ထရီသွင်းပြီးတိုင်း (၇) နာရီနဲ့ အထက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Pixel စမတ်ဖုန်းဟာ မေးခွန်း မေးမြန်းမှုတွေကိုလည်း အလိုအလျောက် ပြန်လည်ဖြေကြားပေးနိုင်သလို Google က ထုတ်တဲ့ Daydream နားကြပ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ 'Google Assistant' ထည့်သွင်းထားတဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။

ဒါ့အပြင် စမတ်ဖုန်းသစ်နှစ်မျိုးလုံးဟာ Android 7.1 Nougat ကို အသုံးပြုနိုင်ပြီး Google ရဲ့ cloud storage မှာ ဒေတာ ပမာဏ ကန့်သတ်ချက်မရှိဘဲ သိုလှောင်နိုင်မှာဖြစ်ပါတယ်။

ဒေတာသိုလှောင်နိုင်မှု 32GB ဖြင့် Pixel စမတ်ဖုန်းက အမေရိကန် ဒေါ်လာ ၆၄၉ ဖြစ်ပြီး 128GB က အမေရိကန်ဒေါ်လာ ၇၄၉ ဖြစ်ပါတယ်။ ပိုမိုကြီးတဲ့ ၅.၅ လက်မရှိ Pixel XL  စမတ်ဖုန်းသစ်ဈေးနှုန်းမှာ 32GB အတွက် ဒေါ်လာ ၇၆၉၊ 128GB အတွက် ဒေါ်လာ ၈၆၉ ကျသင့်မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly