ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံခြားသားပိုင် တရားမဝင် လုပ်ငန်းများကို အရေးယူရန် တိုက်တွန်းကြောင်း အဆိုတင်

ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံခြားသားပိုင် တရားမဝင် လုပ်ငန်းများကို အရေးယူရန် တိုက်တွန်းကြောင်း အဆိုတင်

ရန်ကုန်၊ အောက်တိုဘာ ၄ ။              ။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ နိုင်ငံခြားသားပိုင် တရားမဝင် စီးပွားရေးလုပ်ငန်းများကို တည်ဆဲဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်တွင် တင်သွင်းခဲ့သည်။

လှိုင်သာယာမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဝင်းမောင်က ဒုတိယအကြိမ် ရန်ကုန် တိုင်း ဒေသကြီးလွှတ်တော် ၊ တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိ ၊ ကုမ္ပဏီလိုင်စင်မရှိဘဲ တရားမဝင်လုပ်ကိုင်နေကြသော နိုင်ငံခြားသား များပိုင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများသည် ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်အထိ စာရင်း ကောက်ယူမှုအရ ရာဂ ဏန်း ကျော်ရှိနေပြီဖြစ်ကြောင်း ဦးဝင်းမောင်က လွှတ်တော်တွင် အဆိုတင်သွင်းစဉ် ပြောဆိုသွားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံသားတွေ လွယ်လွယ်ကူကူနဲ့ အရင်းအနှီးနည်းနည်းနဲ့ လုပ်လို့ရတဲ့ နည်းပညာလည်း ဒီလောက်မရှိတဲ့ လုပ်ငန်း တွေကို လာရောက်ပြီးတော့ လုပ်နေကြတာ အများကြီးရှိတယ်။ ဒါတွေသည် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန် တော်တို့အနေနဲ့ အကျိုးမရှိဘူး။ အခွန်လည်းမရဘူး။ ဘာနည်းပညာမှ မရဘူး။ လုပ်သွားတဲ့နိုင်ငံခြားသားပဲ အကျိုးရှိသွား တယ်။ ဒါတွေကို စနစ်တကျနဲ့ ကျွန်တော်တို့ဖြစ်စေချင်တာပါ” ဟု ဦးဝင်းမောင်က လွှတ်တော်အပြီး မီဒီယာများနှင့် တွေ့ ဆုံစဉ် ဖြေဆိုသွားခဲ့သည်။

ဦးဝင်းမောင်တင်သွင်းခဲ့သည့် အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် အလုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ် တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က ထောက်ခံဆွေးနွေးသွားခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဆွေးနွေး သွား  မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက အတည်ပြုပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly