ဆီးရီးယားတွင် မင်္ဂလာဆောင်ပွဲကျင်းပစဉ် အသေခံဗုံးခွဲတိုက်ခိုက်ခံရ၍ ၂၂ ဦး သေဆုံး

ဆီးရီးယားတွင် မင်္ဂလာဆောင်ပွဲကျင်းပစဉ် အသေခံဗုံးခွဲတိုက်ခိုက်ခံရ၍ ၂၂ ဦး သေဆုံး

အောက်တိုဘာ ၄ ။              ။ ဆီးရီးယား အရှေ့မြောက်ခြမ်းတွင် အောက်တိုဘာ ၃ ရက်က အသေခံဖောက်ခွဲရေးသမားတစ်ဦးက မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ပစ်မှတ်ထားဖောက်ခွဲတိုက်ခိုက်သွားခဲ့ရာ လူ ၂၂ ဦးထက်မနည်း သေဆုံးသွားကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။

" မင်္ဂလာဆောင်ကို လာပြီး အသေခံဖောက်ခွဲရေးသမားက သူ့ကိုယ်သူ ဖောက်ခွဲသွားတာပါ၊ ၂၂ ဦး သေသွားပါတယ်၊ ဒီမင်္ဂလာဆောင်က ဆီးရီးယား ဒီမိုကရက်တစ် အင်အားစု အဖွဲ့သားတစ်ဦးရဲ့ မင်္ဂလာဆောင်လည်းဖြစ်ပါတယ်" ဟု စောင့်ကြည့်အဖွဲ့ခေါင်းဆောင် ရန်မီအဘဒယ်လ် ရာမင်က ပြောသည်။

ဆီးရီးယားဒီမိုကရက်တစ်အင်အားစု SDF အဖွဲ့သည် နိုင်ငံမြောက်ခြမ်းရှိ အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်နေသော အာရက်ဘ်-ကားဒစ်ရှ် ညွှန့်ပေါင်းအဖွဲ့တစ်ခုလည်း ဖြစ်သည်။

သတို့သားဖြစ်သူလည်း ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း ရာမင်က ပြောသည်။

နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဟက်ဆက်ခါမြို့ ဆေးရုံဝန်ထမ်းတစ်ဦး၏ အဆိုအရ ယင်းဖြစ်စဉ်ကြောင့် လူ ၂၀ ကျော်သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ကားဒစ်ရှ်တို့ ထိန်းချုပ်ထားသော အဆိုပါမြို့မှာ ရံဖန်ရံခါဆိုသကဲ့သို့ အိုင်အက်စ်တို့၏ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် နေရာတစ်ခုလည်း ဖြစ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly