မလေးရှားအလံကို အတွင်းဘောင်းဘီ ချုပ်ဝတ်ပြီး ကားပြိုင်ပွဲမှာ အားပေးကြသည့် သြစတြေးလျနိုင်ငံသား ကိုးဦး အဖမ်းခံရ

မလေးရှားအလံကို အတွင်းဘောင်းဘီ ချုပ်ဝတ်ပြီး ကားပြိုင်ပွဲမှာ အားပေးကြသည့် သြစတြေးလျနိုင်ငံသား ကိုးဦး အဖမ်းခံရ

ကွာလာလမ်ပူ၊ အောက်တိုဘာ ၄ ။               ။ မလေးရှားနိုင်ငံတွင် ကျင်းပသော Formula 1 Grand Prix ကားပြိုင်ပွဲတွင် သြစတြေးလျနိုင်ငံသား ကိုးဦးက မလေးရှားအလံအား အတွင်းခံ ချုပ်ဝတ်ကာ အားပေးနေခြင်းကြောင့် မလေးရှားရဲများက ဖမ်းဆီးခဲ့ရသည်။

အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်းက ကားပြိုင်ပွဲ ပြီးကာနီးချိန်တွင် ၎င်းတို့ ကိုးဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ရည်ရွယ်ချက်ရှိရှိ စော်ကားခြင်းနှင့် အများအမြင် မဖွယ်မရာ ပြုလုပ်ခြင်းတို့ဖြင့် စစ်ဆေး အရေးယူ လျက်ရှိကြောင်း နိုင်ငံပိုင် Bernama သတင်းက ရဲဌာနကို ကိုးကားလျက် ဖော်ပြသည်။

အသက် ၂၅ နှစ်မှ ၂၉ နှစ် ၎င်းတို့ ကိုးဦးအား ရမန်ချုပ် လေးရက်ဖြင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဆီပန်မြို့ ရဲဌာနအကြီးအကဲ အဇစ်အလီက Bernama သတင်းဌာနသို့ ပြောသည်။

ကွာလာလမ်ပူမြို့ပြင် ဆီပန်အရပ်တွင် ကျင်းပသော Malaysian Grand Prix ကားပြိုင်ပွဲသို့ လာရောက်ကြည့်ရှုရန် ၎င်းသြစတြေးလျ ကိုးဦးက မလေးရှားနိုင်ငံတွင်းသို့ အလည်အပတ်ခရီး   ရောက်ရှိ လာသည့် ခရီးသွားများဖြစ်ကြောင်း အဇစ်အလီက ဆိုသည်။

၎င်းတို့ကိုးဦး၏ မလေးရှားအလံ အတွင်းခံဘောင်းဘီဖြင့် အားပေးနေသည့် ပုံများ အွန်လိုင်းတွင် ပျံ့နှံ့ရာ နိုင်ငံအား စော်ကားခြင်းအဖြစ် ဒေါသဖြင့် တုံ့ပြန်မှတ်ချက်များ ရေးသားကြသည်။

မွတ်စလင် အများစုဖြစ်သည့် မလေးရှားနိုင်ငံအတွင်း အများအမြင် မဖွယ်မရာပြုမှုခြင်းကို ချမ်းသာပေးလေ့မရှိဘဲ ကျုးလွန်သည့် နိုင်ငံခြားသားများအား ဒဏ်ရိုက်ကာ ပြည်နှင်ဒဏ် ပေးလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags