ATP တင်းနစ် အဆင့်သတ်မှတ်ချက်များမှာ ဂျိုဂိုဗစ် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်

ATP တင်းနစ် အဆင့်သတ်မှတ်ချက်များမှာ ဂျိုဂိုဗစ် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်
(ဓာတ်ပုံ - အီးပီအေ)

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) အဆင့်သတ်မှတ်ချက်များအရ ဂျိုဂိုဗစ်က နံပါတ် (၁) နေရာကနေ ဆက်လက် ဦးဆောင်နေသလို အမျိုးသားတင်းနစ် ထိပ်ဆုံး (၁၀) နေရာတွေမှာလည်း အပြောင်းအလဲ မရှိခဲ့တာကို တွေ့ရပါတယ်။

ဆားဗီးယားတင်းနစ်ကစားသမား ဂျိုဂိုဗစ်က ရမှတ် (၁၄,၀၄၀) ဖြင့်  ကမ္ဘာ့နံပါတ် (၁) နေရာ၊ အန်ဒီမာရေးက ဒုတိယနေရာနှင့် ဆွစ်ဇလန်တင်းနစ်သမား ဝေါ်ရင်ကာက တတိယနေရာ အသီးသီး ဆက်လက်ရပ်တည်နေကြောင်း ATP က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီတစ်ပတ်မှာလည်း ထိပ်ဆုံး (၁၀) နေရာဟာ ပြောင်းလဲခြင်း မရှိတာကို တွေ့ရပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၁၄,၀၄၀
၂) အန်ဒီ မူရေး (စကော့တလန်) ရမှတ် ၉,၃၄၅
၃) ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၆,၃၆၅
၄) နာဒါးလ် (စပိန်) ရမှတ် ၄,၉၄၀
၅)  နီရှီကိုရီ (ဂျပန်) ရမှတ် ၄,၈၇၅
၆) ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၅၁၀
၇) ဖက်ဒါရာ (ဆွစ်ဇလန်) ရမှတ် ၃,၇၃၀
၈) မွန်ဖေးလ် (ပြင်သစ်) ရမှတ် ၃,၅၄၅
၉) သောမတ် ဘာဒက်ခ် (ချက်) ရမှတ် ၃,၄၇၀
၁၀) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၂၉၅

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly