နာမည်ကျော် မက္ကဆီကို အဆိုတော် ဂျုံး ဆီဘက်စ်တီယန် ကွယ်လွန်

နာမည်ကျော် မက္ကဆီကို အဆိုတော် ဂျုံး ဆီဘက်စ်တီယန် ကွယ်လွန်

ဟောလိဝုဒ်၊ ဇူလိုင် ၁၄ ။    ။ လက်တင် ဂီတလောကတွင် ထင်ရှားလှသော မက္ကဆီကို အဆိုတော်နှင့် တေးရေးဆရာ ဂျုံး ဆီဘက်စ် တီယန် (Joan Sebastian) သည် တနင်္လာနေ့က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။         

သူကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ် ရှိပြီဖြစ်ကာ သူသည် အရိုးကင်ဆာ ဝေဒနာကို ခံစားနေခဲ့ရခြင်း ဖြစ်သည်။

Joan Sebastian သည် စိတ်ကူးယဉ်ဆန်ဆန် အချစ်သီချင်းများဖြင့် လူသိများခဲ့သူဖြစ်ကာ အများအားဖြင့် သူသည် မြင်းပေါ် မှဖျော်ဖြေလေ့ရှိသည်။

သူသည် မက္ကဆီကို ကျေးလက်ဒေသတွင် ကြီးပြင်းခဲ့ခြင်းဖြစ်ကာ ငယ်စဉ်ဘဝက ဆင်းရဲ မွဲတေမှှုဒဏ်ကို ခံခဲ့ရသူ ဖြစ်သည်။

ထို့နောက်တွင် သူ၏ ဘဝကို ဂီတထဲ၌ မြှုပ်နှံခဲ့ခြင်းဖြစ်ကာ တေးဂီတ စီးရီးများ ဆက်တိုက် ထုတ်ခဲ့ပြီး အောင်မြင်မှှုလည်း

ရလာခဲ့သည်။ သူသည် ဂရမ်မီဆု ၅ ဆု ရကာ လက်တင် ဂရမ်မီဆု ၇ ဆု ရခဲ့သူ ဖြစ်သည်။

Joan Sebastian သည် မက္ကဆီကိုနိုင်ငံ Juliantla ရှိ သူ၏ မွေးမြူရေးခြံတွင် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly