အာရှဒေသတွင်း ကျောက်မီးသွေးအသုံးပြုမှုမြင့်တက်လာစေရန် ကမ္ဘာ့ဘဏ်က တိတ်တဆိတ် ငွေကြေးထောက်ပံ့ပေးနေဟု ဆို

အာရှဒေသတွင်း ကျောက်မီးသွေးအသုံးပြုမှုမြင့်တက်လာစေရန် ကမ္ဘာ့ဘဏ်က တိတ်တဆိတ် ငွေကြေးထောက်ပံ့ပေးနေဟု ဆို

အောက်တိုဘာ ၃ ။             ။ အာရှဒေသနိုင်ငံတစ်ချို့တွင် လေထုညစ်ညမ်းစေသော ကျောက်မီးသွေးသုံးဓါတ်အားထုတ်လုပ်မှုပိုင်း များပြားလာခြင်းတွင် ကမ္ဘာ့ဘဏ်၏ သွယ်ဝိုက်ငွေကြေးထောက်ပံ့မှုများက အားပေးကူညီရာရောက်နေကြောင်း နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Inclusive Development International (IDI)က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပြောဆိုလိုက်သည်။

ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောပြုန်းတီးစေခြင်းနှင့် အရွယ်မတိုင်မီ စောလျင်စွာ သေဆုံးစေခြင်း စသည်တို့ကို ဖြစ်ပေါ်စေသည့် ဓါတ်အားပေးစက်ရုံများမှာ အာရှဒေသရှိ ဘင်္ဂလားဒေ့ရှ်မှစကာ ဖိလစ်ပိုင်အထိ အသီးသီး ပေါ်ပေါက်လာနေခဲ့ရာတွင် ယင်းတို့ကို ကမ္ဘာ့ဘဏ်ကကျောထောက်နောက်ခံပြုထားသော ငွေကြေးအဖွဲ့အစည်းများမှတဆင့်  ထောက်ပံ့ပေးနေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကျောက်မီးသွေးအသုံးပြု ဓါတ်အားထုတ်လုပ်မှုကဏ္ဍတွင် ငွေကြေးထောက်ပံ့နေမှုအားလုံးကို ရပ်ဆိုင်းပေးမည်ဟု ကတိပြုထားသော်လည်း ယခုကဲ့သို့ တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်ကာ ဆက်လက်ထောက်ပံ့ပေးနေကြောင်း ယင်းအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

ဒေသတွင်းရှိ ကျောက်မီးသွေးသုံးလုပ်ငန်း ၄၁ ခုမှာ ဘဏ်များ၏ ငွေကြေးမတည်မှုကို ရရှိနေကြောင်းနှင့် ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိကလုပ်ငန်းခွဲတစ်ခုဖြစ်သော နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း IFC ၏ ပံ့ပိုးမှုဖြစ်သော ရင်းနှီးမြုှပ်နှံမှု ငွေကြေးများ ရရှိနေကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags