ကပ်ဆိုက်သောကာလကို ရောက်ရှိနေခြင်းမဟုတ်ဟု ရီးယဲလ်နည်းပြ ဇီဒန်း ပြောကြား

ကပ်ဆိုက်သောကာလကို ရောက်ရှိနေခြင်းမဟုတ်ဟု ရီးယဲလ်နည်းပြ ဇီဒန်း ပြောကြား

အောက်တိုဘာ ၃၊ စပိန် ။                ။ လာလီဂါပွဲစဉ် (၇)တွင် အီဘာနှင့် သရေကျပြီးနောက် ရီးယဲလ်နည်းပြ ဇီဒန်းက ယခုအခြေအနေမှာ ကပ်ဆိုက်သောကာလကို ရောက်ရှိနေခြင်း မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ရီးယဲလ်အသင်းသည် ဗီလာရီးယဲလ်၊ လက်စ်ပါးမက်စ်၊ ဒေါ့တ်မွန်နှင့် အီဘာတို့ကို လေးပွဲဆက်တိုက် သရေကျခဲ့ရသောကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။

ဇီးဒန်းက ရီးယဲလ်နည်းပြအဖြစ် ၎င်းတွင် တာဝန်အပြည့်ရှိကြောင်း ပြောဆိုခဲ့သော်လည်း အခက်အခဲကာလကိုရောက်ရှိနေသည်ဆိုခြင်းကိုမူ ငြင်းဆန်သွားခဲ့သည်။

‘ရီးယဲလ်ရဲ့နည်းပြအနေနဲ့ ကျွန်တော်မှာ တာဝန်အပြည့်ရှိပါတယ်။ ကျွန်တော်သေချာပေါက် အဖြေရှာသွားမှာပါ။ ဒါကို သေချာပေါက် အပြောင်းအလဲလုပ်မှာပါ’

‘အသင်းအတွက် ကပ်ဆိုက်နေတဲ့ကာလမဟုတ်ပါဘူး။ အခုမှ အောက်တိုဘာလဲပဲရှိပါသေးတယ်။ ကျွန်တော်တို့ အင်အားချိနဲမသွားနိုင်သေးပါဘူး။ လာလီဂါမှာ သုံးပွဲဆက်တိုက် သရေကျခဲ့တယ်ဆိုတာကတော့ တစ်ခုခုမှားယွင်းနေတာသေချာပါတယ်။ ကစားသမားတွေ နိုင်ငံတကာပွဲက ပြန်ရောက်လာရင် အပြောင်းအလဲလုပ်သွားမှာပါ။ ဒီအတိုင်း ဆက်မသွားနိုင်ပါဘူး’ ဟု ဇီဒန်းက ပြောသည်။

နောက်ဆုံးတွင် ဇီဒန်းက အသင်း၏အရည်အသွေးကိုယုံကြည်ကြောင်းနှင့် ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားပါက ရီးယဲလ်၏ အရည်အသွေးအစစ်အမှန်ကို ပြသနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly