မန်ယူ အလယ်တန်း ကစားသမား လင်ဂတ် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံရ

မန်ယူ အလယ်တန်း ကစားသမား လင်ဂတ် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံရ

အောက်တိုဘာ ၃၊ အင်္ဂလန် ။               ။ နည်းပြမော်ရင်ဟို၏ မန်ယူအသင်းတွင် မကြာခဏ ပွဲထွက်ခွင့် ရရှိနေသည့် လင်ဂတ်သည် မော်လ်တာ၊ ဆလိုဗေးနီးယားတို့နှင့် ကစားရမည့် ကမ္ဘာ့ဖလား   ခြေစစ်ပွဲစဉ်များအတွက် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံခဲ့ရသည်။

နည်းပြဆမ်အလာဒွိုက်စ်၏ နေရာကို ယာယီ တာဝန်ယူထားသည့် နည်းပြဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင် ကစားသမား ၂၃ ဦးစာရင်းတွင် လင်ဂတ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လင်ဂတ်သည် အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပထမဆုံးလက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရ သော်လည်း ကွင်းအတွင်း ဝင်ရောက်ကစားရခြင်း မရှိခဲ့ပေ။ ယခု ဒုတိယအကြိမ်ထပ်မံ ရွေးချယ်ခံရခြင်းဖြစ်သည်။

ဆောက်ဂိတ်သည် ၂၀၁၄ ကမ္ဘာ့ဖလားပြီး ကတည်းက လက်ရွေးစင်အသင်းတွင် ရွေးချယ်မခံခဲ့ရသော စတုခ်နောက်ခံလူ ဂလင်းဂျွန်ဆင်ကိုလည်း ရွေးချယ်ထားသည်။ ဆောက်ဂိတ်၏ ကစားသမား စာရင်းတွင် ဒဏ်ရာရရှိနေကြသော ဒရင့်ဝါတာ၊ ဟယ်ရီကိန်း၊ ဘတ်လန်း၊ လုခ်ရှော၊ လယ်လာနာနှင့် ကလိုင်နီတို့ ကျန်ရစ်ခဲ့သည်။

အင်္ဂလန်အသင်း၏ ကစားသမားစာရင်း

ဂိုး - ဖရေဇာဖော်စတာ(ဆောက်သမ်တန်)၊ ဂျိုးဟတ်(တိုရီနို)၊ ဟီတန်(ဘန်လေ)

နောက် - ဘာထရန်(ဆောက်သမ်တန်)၊ ကာဟေးလ်(ချယ်လ်ဆီး)၊ ဂျာဂီယာကာ(အဲဗာတန်)၊ ဂလင်းဂျွန်ဆင်(စတုခ်)၊ ဒန်နီရို့စ်(စပါး)၊ စမောလင်း(မန်ယူ)၊ ဂျွန်စတုန်း(မန်စီးတီး)၊ ဝေါ်လ်ကာ(စပါး)

လယ် - ဒီယာ(စပါး)၊ ဟန်ဒါဆင်(လီဗာပူးလ်)၊ ချိန်ဘာလိန်(အာဆင်နယ်)၊ အန်တိုနီယို(ဝက်စ်ဟမ်း)၊ လင်ဂတ်(မန်ယူ)၊ စတာလင်း(မန်စီးတီး)၊ ဝဲလ်ကော့(အာဆင်နယ်)၊ အယ်လီ(စပါး)

ရှေ့ - ရွန်နီ၊ ရက်ရှ်ဖို့ဒ်(မန်ယူ)၊ စတူးရစ်ချ်(လီဗာပူးလ်)၊ ဗာဒီ(လက်စတာ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly