ဗီယက်နမ်တွင် ငါးများ သေဆုံးမှုကြောင့် ထိုင်ဝမ် သံမဏိစက်ရုံကို ထောင်ပေါင်းများစွာ ဆန္ဒပြ

ဗီယက်နမ်တွင် ငါးများ သေဆုံးမှုကြောင့် ထိုင်ဝမ် သံမဏိစက်ရုံကို ထောင်ပေါင်းများစွာ ဆန္ဒပြ

ဟနွိုင်း၊ အောက်တိုဘာ ၃ ။                 ။ ဗီယက်နမ်နိုင်ငံ ထိုင်ဝမ်သံမဏိ စက်ရုံက အဆိပ်ဖြစ်သော စွန့်ပစ်ပစ္စည်းများ ပင်လယ်တွင် စွန့်ပစ်နေခြင်းကြောင့် ငါးများ သေဆုံးရခြင်းအပေါ် စိတ်ဆိုးဒေါသထွက်၍ ထောင်ပေါင်းများစွာသော ဗီယက်နမ်ပြည်သူများက စက်ရုံအား ပိတ်ပစ်ရန် အောက်တိုဘာ ၂ ရက်က ဆန္ဒပြတောင်းဆိုသည်။

ဆန္ဒပြသူတစ်ချို့က စက်ရုံနံရံများပေါ် တွယ်တက်ကာ၊ တစ်ချို့က စက်ရုံပိတ်ပစ်ရေး စာတန်းရေးထားသည့် ပိုစတာများ ကိုင်ဆောင်လျက် စက်ရုံပတ်လည်တွင် စုရုံးဆန္ဒပြကြသည်။

Ha Tinh ပြည်နယ်ရှိ ထိုင်ဝမ်ပိုင် Formosa စက်ရုံတွင် ဆိုင်ကယ်အုပ်စုများ၊ ခြေလျင်လာသူများက စုရုံးဆန္ဒပြကာ “တာဝန်ရှိသူများ၊ နိုင်ငံ၏ အနာဂတ်အတွက် Formosa စက်ရုံကို ပိတ်ပေးပါ”ဟူသော စာတန်များ ကိုင်ဆောင်ဆန္ဒပြသည်။

ဧပြီလအတွင်းက ဗီယက်နမ်နိုင်ငံတွင် ဆယ်စုနှစ်များအတွင်း အဆိုးဆုံး ဂေဟစနစ် ပျက်စီးမှုအဖြစ် ငါးနှင့် အခြားရေနေသတ္တဝါများ သေဆုံးကာ အမြောက်အမြား ကမ်းတင်ခြင်းကြောင့် ကမ်းခြေမြို့များအတွက် အဓိကဝင်ငွေဖြစ်သော ငါးလုပ်ငန်းက အထိနာခဲ့ရသည်။

ထိုဂေဟစနစ် ပျက်စီးခြင်းအတွက် ဒေါ်လာဘီလီယံများစွာ ရင်းနှီးမြုပ်နှံထားသည့် ထိုင်ဝမ် Formosa သံမဏိစက်ရုံအား အပြစ်တင်ကာ ဒဏ်ငွေ သန်း ၅၀၀ ဒဏ်ရိုက်ခဲ့သည်။

အစိုးရက နစ်နာကြသည့် တံငါသည်များအား အောက်တိုဘာတွင် ထောက်ပံ့ငွေ ပေးမည်ဖြစ်ောကာင်း ပြောထားသည်။ ဧပြီမှ စက်တင်ဘာလအတွင်း ဆုံးရှုံးရမှုများကို တွက်ချက်ပြီး ရေလုပ်ငန်းလုပ်ကိုင်သူများအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၃၀ နှင့် ၁၆၀၀ နှုန်းထားဖြင့် ထောက်ပံ့ငွေ ပေးအပ်မည်ဖြစ်ကြောင်း အစိုးရက ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags