ပါကစ္စတန်တွင် အိန္ဒိယရုပ်ရှင်ဇာတ်ကားများ ပြသခွင့် ပိတ်

ပါကစ္စတန်တွင် အိန္ဒိယရုပ်ရှင်ဇာတ်ကားများ ပြသခွင့် ပိတ်

ကရာချိ၊ အောက်တိုဘာ ၂ ။           ။ ပါကစ္စတန်နိုင်ငံက ရုပ်ရှင်ရုံကြီးများတွင် အိန္ဒိယရုပ်ရှင်ဇာတ်ကားများက ၎င်းတို့နိုင်ငံ၏ စစ်အင်အားနှင့်အတူ စုစည်းအားကို ပြသနေသည်ဟုဆိုကာ ရုံတင်ပြသခွင့်များ ပိတ်ပင်ထားသည်။

လာဟိုး၊ ကရာချိနှင့် အစ္စလာမ္မာဘတ်တို့တွင် အိန္ဒိယရုပ်ရှင်ဇာတ်ကားများ သပိတ်မှောက်ခြင်းကို ကြေညာထားခြင်းဖြစ်သည်။

ကက်ရှ်မီးယားပိုင်နက်အရေး နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေစဉ် ယခုလုပ်ရပ် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

စက်တင်ဘာ ၂၉ ရက်က အိန္ဒိယရုပ်ရှင်ထုတ်လုပ်ရေးအုပ်စုဖြစ်သော India Motion Picture Producers Association က ဘောလိဝုဒ်တွင် ပါကစ္စတန်သရုပ်ဆောင်များ လာရောက်ရိုက်ကူးခြင်းကို တားမြစ်ခဲ့သည်။

ပါကစ္စတန်သရုပ်ဆောင်များ အိန္ဒိယနိုင်ငံက ထွက်သွားရန် လက်ယာယိမ်းအမျိုးသားရေးနိုင်ငံရေးသမားတစ်ဦးကလည်း ပြောသည်။

ကိုယ်ပိုင်ရုပ်ရှင်လုပ်ငန်းရှိသော်လည်း ပါကစ္စတန်တွင် အိန္ဒိယရုပ်ရှင်ဇာတ်ကားများက ရေပန်းစားလူကြိုက်များပြီး ယှဉ်ပြိုင်မှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags