ဘောစတွန် မာရသွန်ပြေးပွဲ ဗုံးခွဲတိုက်ခိုက်ခံရမှု အကြောင်း ရုပ်သံ ဇာတ်လမ်း နှင့် ရုပ်ရှင် ရိုက်ကူးသွားမည်

ဘောစတွန် မာရသွန်ပြေးပွဲ ဗုံးခွဲတိုက်ခိုက်ခံရမှု အကြောင်း ရုပ်သံ ဇာတ်လမ်း နှင့် ရုပ်ရှင် ရိုက်ကူးသွားမည်

နယူးယော့ခ် ၊ အောက်တိုဘာ ၁ ။              ။ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော လူအများအပြား သေဆုံးခဲ့သည့် ဘော့စတွန် မာရသွန်ပြေးပွဲ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် သုံးနှစ်အကြာတွင် ယင်းဗုံးခွဲ တိုက်ခိုက်ခံရမှု အကြောင်းကို ရုပ်သံဇာတ်လမ်း နှင့် ရုပ်ရှင် ရိုက်ကူးသွားမည်ဖြစ်သည်။

“ Marathon: The Patriots Day Bombing” ဟု အမည်ပေးထားသော အဆိုပါ ရုပ်ရှင်ကား နမူနာကို စက်တင်ဘာ ၃၀ ရက်က ပထမဆုံး ထုတ်လွှင့်ပြသခဲ့ကြောင်း နှင့် ရုပ်ရှင်ကားကို နိုဝင်ဘာ ၂၁ ရက်တွင်ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီလက ဘောစတွန်မြို့လယ်ခေါင် မာရသွန် ပြေးလမ်းကြောင်း နောက်ဆုံးလိုင်းအနီးတွင် ဖြစ်ပွားခဲ့သော ဗုံးခွဲ တိုက်ခိုက်ခံရမှု အတွင်း လူသုံးဦး သေဆုံးခဲ့ပြီး ၂၆၀ ဦးကျော် ဒဏ်ရာရှိခဲ့သည်။

ယင်းရုပ်ရှင်ကားသည် ဗုံးခွဲတိုက်ခိုက်မှုကို ဆန်းစစ်ထားသည့် စောင့်ကြည့်ရေးရုပ်ရှင်ပိုင်းများ သတင်းဖြတ်ညှပ်ကပ် များကို အသုံးပြုသွားမည်ဖြစ်သည့်အပြင် ပထမဆုံးတုံ့ပြန်ဖြေကြားသူများ နှင့် အသက်ရှင် ကျန်ရစ်သူ များနှင့်ပြုလုပ်ထားသော တွေ့ဆုံမှုများနှင့် သေဒဏ်ပေးခံရသော ဗုံးခွဲတိုက်ခိုက်သူ Dzhokhar Tsarnaev အကြောင်းလည်း ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly