မန်ယူအသင်းသားများ၏ ခြေစွမ်းကို လေ့လာနေဆဲဟု နည်းပြမော်ရင်ဟို ဝန်ခံ

မန်ယူအသင်းသားများ၏ ခြေစွမ်းကို လေ့လာနေဆဲဟု နည်းပြမော်ရင်ဟို ဝန်ခံ

အောက်တိုဘာ ၁၊ မန်ချက်စတာ။            ။ မန်ယူအသင်းသားများ၏ ခြေစွမ်းကို လေ့လာနေဆဲဖြစ်ပြီး အောက်တိုဘာ ပွဲကျပ်ကာလ မတိုင်မီ အံ့သြဖွယ်ရာ ခြေစွမ်းပြသမှုများကို စောင့်မျှော်နေသည်ဟု နည်းပြမော်ရင်ဟိုက ပြောသည်။

တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်၌ စတုခ်အသင်းနှင့် ကစားရမည့် မန်ယူအသင်းသည် နိုင်ငံတကာပွဲ ရက်သတ္တပတ်ပြီးနောက် ၁၂ ရက်အတွင်း ငါးပွဲ ကစားရမည်ဖြစ်သည်။

အသင်းအနေဖြင့် လီဗာပူးလ်၊ ချယ်လ်ဆီးတို့နှင့် တွေ့ဆုံရမည့်ကြားတွင် ယူရိုပါလိဂ်ပွဲအဖြစ် ဖီနာဘာချီနှင့် ကစားရဦးမည်ဖြစ် သည်။

အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်နှင့် တနင်္လာည ပွဲစဉ်အဖြစ် ကစားရမည် ဖြစ်ခြင်းက မော်ရင်ဟိုကို စိတ်ညစ်စေပြီး ပွဲကြီးများတွင် မည်သည့် ကစားသမားက ယုံကြည် စိတ်ချရသည်ကို သိရှိရန် အချိန်လိုသည်ဟု ဝန်ခံခဲ့သည်။

“ကျွန်တော့်အတွက် အချိန်လိုပါတယ်။ ကစားသမားတွေ ကစားပုံကို ကြည့်ဖို့၊ မတူညီတဲ့ အခြေအနေတွေမှာ အကဲဖြတ်ဖို့လိုတယ်။ သူတို့အကြောင်း ပိုပြီးနားလည်ဖို့လိုတယ်။

အရင်တုန်းက ကောင်းကောင်းသိခဲ့တဲ့ ကစားသမားတွေနဲ့ ကာလတစ်ခု ကြာအောင်လောက်ပဲ အလုပ်လုပ် ရသေးတဲ့အခါ သူတို့ အကြောင်း အများကြီး လေ့လာစရာတွေ ရှိပါတယ်။

အသင်းတစ်သင်းနဲ့ သုံး၊ လေး၊ ငါးလလောက် အလုပ်ပြီးတဲ့နောက်မှာ အံ့အားသင့်စရာတွေ အမြဲပဲ ထွက်ပေါ် လာတတ်တယ်။ အံ့အားသင့်စရာတွေ အမြဲရှိပါတယ်။

ပွဲတစ်ပွဲပြီးတိုင်း အထူးသဖြင့် ကွင်းထဲက ကစားသမားတွေ အကြောင်း ပိုသိလာတယ်”ဟု မော်ရင်ဟိုက ပြောသည်။

မန်ယူအသင်းသည် အောက်တိုဘာ ၂ တွင် စတုခ်နှင့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ၊ ၁၇ တွင် လီဗာပူးလ်နှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲ၊ ၂၀ တွင် ဖီနာဘာချီနှင့် ယူရိုပါလိဂ် အိမ်ကွင်းပွဲ၊ ၂၃ တွင် ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲ၊ ၂၆ တွင် မန်စီးတီးနှင့် လိဂ်ဖလားအိမ်ကွင်းပွဲ၊ ၂၉ တွင် ဘန်လေနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲများ ကစားရမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly