အင်္ဂလန်နည်းပြ ရာထူးအတွက် ဝင်းဂါးနှင့် ပိုချက်တီနိုတို့ အရိပ်အမြွက်ပြော

အင်္ဂလန်နည်းပြ ရာထူးအတွက် ဝင်းဂါးနှင့် ပိုချက်တီနိုတို့ အရိပ်အမြွက်ပြော

အောက်တိုဘာ ၁၊ လန်ဒန်။                    ။ လန်ဒန် ပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်အသင်းနှင့် စပါးအသင်းတို့မှာ နည်းပြများဖြစ်သော အာစင်ဝင်းဂါးနှင့် ပိုချက်တီနို တို့က အနာဂါတ်တွင် အင်္ဂလန်နည်းပြ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု အရိပ်အမြွက် ပြောဆိုကြသည်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်သည် အင်္ဂလန်အသင်းကို ၆၇ သာ ကိုင်တွယ်ခွင့်ရခဲ့သည့် ဆမ်အလာဒိုက်စ်၏ နေရာတွင် နည်းပြသစ် ရှာဖွေနေသည်။

အင်္ဂလန်နည်းပြရာထူးကို ရယူခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခံရမှုကို အသက် ၆၆ နှစ်အရွယ် အာစင်ဝင်းဂါးက “တစ်နေ့မှာ ကျွန်တော်အားပြီလေ။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ”ဟု ပြန်ဖြေခဲ့ပြီး အသက် ၄၄ နှစ်အရွယ် ပိုချက်တီနိုက “ဒါပေါ့။  အနာဂါတ်မှာ ဘာလို့ မဖြစ်နိုင်ရမှာလဲ”ဟု ပြောသည်။

လက်ရှိ အသင်းများနှင့် စာချုပ်ရှိနေသေးကြာင်းကိုမူ နှစ်ဦးစလုံးက ပြောသည်။ အလာဒိုက်စ်သည် ယူရို ၂၀၁၆ တွင် စိတ်ပျက်စရာ ဖြစ်ခဲ့ရသော အင်္ဂလန်အသင်းကို နည်းပြ ရွိုင်းဟော့ဒ်ဆန် လက်ထဲမှ လွှဲပြောင်း ကိုင်တွယ်ခဲ့သော်လည်း ကစားသမား အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မမှန်မကန် လုပ်ခဲ့ဖူးကြောင်း တယ်လီဂရပ်ဖ် သတင်းစာ၏ ဖော်ထုတ်ခံရသဖြင့် အင်္ဂလန်နည်းပြ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

အင်္ဂလန်အသင်းကို တစ်ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ပြီး စက်တင်ဘာအတွင်း ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဆလိုဗက်ကီးယားကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အင်္ဂလန်ယူ-၂၁ နည်းပြ ဆောက်ဂိတ်က စီနီယာအသင်းကို ယာယီ တာဝန်ယူမည်ဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ သုံးပွဲ၊ ခြေစမ်းပွဲ တစ်ပွဲ ကိုင်တွယ်မည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly