ထိုင်းနိုင်ငံမှာ ဇီကာပိုးကြောင့် ဦးခေါင်းသေး ကလေးငယ် နှစ်ဦး တွေ့ရှိ

ထိုင်းနိုင်ငံမှာ ဇီကာပိုးကြောင့် ဦးခေါင်းသေး ကလေးငယ် နှစ်ဦး တွေ့ရှိ
ဓာတ်ပုံ - အီးပီအေ

ထိုင်းနိုင်ငံမှာ ဇီကာဗိုင်းရပ်ကြောင့် ခေါင်းသေးတဲ့ ကလေးငယ် နှစ်ဦးကို စတွေ့ပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာက သောကြာနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

အခုလို ပုံမှန် မဟုတ်ဘဲ ဦးခေါင်းသေးငယ်တဲ့ ကလေးငယ်တွေမွေးဖွားတာဟာ အရှေ့တောင်အာရှမှာ ပထမဦးဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဇီကာဗိုင်းရပ်ဟာ အရှေ့တောင်အာရှဒေသ အများအပြားမှာ ပျံ့နှံ့ခဲ့တာကြောင့် လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာအပါအဝင် ဒေသအတွင်း နိုင်ငံ (၁၂) နိုင်ငံများမှာ ခရီးသွား သတိပေးချက်များ ထုတ်ပြန်ခဲ့ပါတယ်။

"ဇီကာပိုးနဲ့ ဆက်စပ်တဲ့ ဦးခေါင်းသေး မွေးဖွားမှု နှစ်ခုကို ထိုင်းမှာ ပထမဆုံး ကျနော်တို့ တွေ့ရှိခဲ့ပါတယ်"လို့ ရောဂါထိန်းချုပ်ရေးဌာနမှ Prasert Thongcharoen က ပြောပါတယ်။

အခုလက်ရှိဖြစ်ပွားနေတဲ့ ခြင်မှတဆင့် ကူးတဲ့ ရောဂါကို ပြီးခဲ့နှစ်က ဘရာဇီးမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ထိုင်းမှာ ဇန်နဝါရီလထဲက ကိုယ်ဝန်ဆောင် (၂၅) ဦးအပါအဝင် ဇီကာဗိုင်းရပ် ကူးစက်ခံရသူ (၃၅၀) ခန့် တွေ့ရှိခဲ့ပြီး ဒါဟာ အရှေ့တောင်အာရှဒေသအတွင်း အမြင့်ဆုံး အနေအထားမှာ ရှိနေပါတယ်။
Ref; BBC, EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags