ဧရာဝတီတိုင်းအတွင်းရှိ စည်းကမ်းမလိုက်နာသည့် ရေနံချက်ဖိုများကို အရေးယူရန်အဆိုတင်

ဧရာဝတီတိုင်းအတွင်းရှိ စည်းကမ်းမလိုက်နာသည့် ရေနံချက်ဖိုများကို အရေးယူရန်အဆိုတင်

ပုသိမ်၊ စက်တင်ဘာ ၃၀ ။                ။ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ရေနံချက် လုပ်ငန်း များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် သစ်တောပြုန်းတီးမှုများရှိနေသည့်အတွက် စည်းကမ်းလိုက်နာခြင်း မရှိသော ရေနံချက်ဖိုများအား တိုင်းဒေသကြီးအစိုးရအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်နှင့် ဖျက်သိမ်းပေးရန် တိုက်တွန်းကြောင်း အ ဆိုကို မြန်အောင်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်စုစုအောင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် တင် သွင်းလိုက်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုအားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

"ကျွန်မတို့ မြန်အောင်မြို့နယ်မှာ တခြားတိုင်းက လာရောက်လုပ်ကိုင်ပါတယ် ၊ သူတို့ ရေနံဖိုကရှိတယ်။ စွန့်ပစ်ပစ္စည်း တွေက ဒေသမှာရှိနေတယ်။ ပြည်သူတွေ အတွက် အရမ်းကို ထိခိုက်နေပါတယ်၊ ရေနံဖိုတစ်ဖိုချက်ရန် ၃ရက် အထိ ချက်ရပါတယ်၊ အလျား ၁၈ ပေ အနံ ၆ပေ အမြင့် ၃ပေ ထင်းပုံ ၂၂ပုံကို အသုံးပြုရပါတယ်၊ ကျွန်မ ဒေသအတွင်းမှာ ၅၀ ရာနှုန်းကျော် ၆၀ ရာနှုန်း ထင်းများပြုန်းတီးခဲ့ရပြီး ၊ သူတို့ ရေနံချက်ဖိုကနေ စွန့်ပစ်ပစ္စည်းတွေက ကျွန်မတို့ လယ်ယာ မြေလုပ်ကိုင်တယ် သဘာဝရေမြောင်းတွေက စွန့်ပစ်ပါတယ်၊ လူတွေကို အဓိက ဒုက္ခပေးတယ် ပေါ့စတစ်နဲ့ အက်စက် တွေပါတယ်။ အဲဒါမို့ ရေနံဖိုတွေဖျက်သိမ်းပေးဖို အဆိုတင်သွင်းတာ ဖြစ်တယ်" ဟု အဆိုရှင်မြန်အောင်မြို့နယ် ကိုယ်စား လှယ်ဒေါ်စုစုအောင်က မဇ္ဈိမသို့ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံတော်စီးပွားရေး လုပ်ငန်းများ ဥပဒေပုဒ်မ (၃)၊ ပုဒ်မခွဲ (၈)ပါ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဒေသန္တာရရေနံချက် လုပ်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်ရန်  နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ ပုဒ်မ (၁၁)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်ထားသော စည်းကမ်းချက် (၁၈)ချက်အား လိုက်နာပြီး ထင်းမသုံးစွဲ ကတိဖြင့် ပြန်လည်ရေနံချက်လုပ်ခွင့်ပြုထားသော်လည်း လိုက်နာ ကျင့်သုံးမှုမရှိပဲ နေ့အခါ လောင်စာ တောင့်များဖြင့် ဟန်ပြမီးမသေရုံ ချက်လုပ်ပြီး ညအခါ ထင်းများ အသုံးပြုနေကြောင်း   ဒေသခံပြည်သူများနှင့် ရေနံဖို များအား စောင့်ကြည်စစ်ဆေးရန် ဖွဲ့စည်းထားသော ဒေသခံ ကော်မတီအဖွဲ့များ တင်ပြချက်များကြောင်း သိရှိရကြောင်း အဆိုရှင် ဒေါ်စုစုအောင်က တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

"ရေနံချက်ဖိုများသည် သက်ဆိုင်ရာ တရားဝင့ခွင့်ပြုချက်၊ အထောက်အထားလိုင်စင်မရှိခြင်း၊စည်းကမ်းချက်ပါ အချက် များ အား လိုက်နာခြင်းမရှိပဲ ချက်လုပ်နေပြီး၊ ရေနံဖို့များထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်ရာ ရေ မြောင်းအတွင်း သို့ရောက်၍ ပတ်ဝန်ကျင်နယ်မြေများ မြေသားများကို ပျက်စီးစေနိုင်ကြောင်း ဒေသခံပြည်သူများ နစ်နာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်” ဟု မြန်အောင်မြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်စုစုအောင်က လွှတ်တော် တွင် ဆွေးနွေးခဲ့သည်။

ယင်းအဆိုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး စက်မှုလက်မှု စွမ်းအင် ဝန်ကြီးက ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly