ပရီးမီးယားလိဂ်တွင် လီဗာပူးလ် ဗိုလ်စွဲနိုင်သည်ဟု စခိုးလ်ပြော

ပရီးမီးယားလိဂ်တွင် လီဗာပူးလ် ဗိုလ်စွဲနိုင်သည်ဟု စခိုးလ်ပြော

စက်တင်ဘာ ၃၀၊ လီဗာပူးလ်။          ။ ရာသီအစပိုင်းကစားပုံကောင်းနေသည့် လီဗာပူးလ်အသင်းသည် ၂၀၁၆-၁၇ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်စွမ်းရှိနေသည်ဟု မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်က ထောက်ခံပြောဆိုသည်။

ဂျာဂန်ကလော့ပ်၏ လီဗာပူးလ်အသင်းသည် အဖွင့်ပွဲ ခြောက်ပွဲတွင် ၁၃ မှတ်ရထားပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာတွင် ရပ်တည်နေသည်။

လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံဆုကိုစိန်ခေါ်နိုင်ရန် တိုက်စစ်ပိုင်းကလည်းကောင်းမွန်နေသည်ဟု ပေါလ်စခိုးလ်က ထောက်ခံပြောဆိုသည်။

“လီဗာပူးလ်ကိုကြည့်ရတာ ဗိုလ်စွဲနိုင်တဲ့အသင်းတစ်သင်းလိုပါပဲ။ အောက်တိုဘာ ၁၇ ရက်မှာ လီဗာပူးလ်နဲ့ကစားရမယ့် ယူနိုက်တက်အနေနဲ့ စမ်းသပ်မှုကြီးတစ်ခုဖြစ်နေပြီး ရလဒ်တစ်ခုခုရနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။

လီဗာပူးလ်ရဲ့ခံစစ်ပိုင်းကိုတော့ နည်းနည်းစိုးရိမ်ပေမယ့် တိုက်စစ်ပိုင်းကလည်း ဘယ်အသင်းကိုမဆို မိနစ်တိုင်းမှာ ဂိုးသွင်းနိုင်စွမ်း ရှိတယ်ဆိုတာ ပြသနေပါတယ်။

သူတို့ ပရီးမီးယားလိဂ်မှာ ဗိုလ်မစွဲဖို့ မျှော်လင့်ပါတယ်”ဟု စခိုးလ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly