Fifa 17 ဘောလုံးဂိမ်းကို ယူကေမှာ စတင် ရောင်းချ

Fifa 17 ဘောလုံးဂိမ်းကို ယူကေမှာ စတင် ရောင်းချ
(ဓာတ်ပုံ - EA Sports)

ဗြိတိန်နှင့် ဥရောပတလွှားရှိ ဘောလုံးပရိသတ်တွေက နောက်ဆုံးမှာ Fifa 17 ဂိမ်းကို ရရှိနိုင်ပြီဖြစ်ပါတယ်။

အမေရိကန်တလွှားမှာတော့ Xbox One နှင့် PS4 တို့ကို အင်္ဂါနေ့မှာ စတင်ရောင်းချခဲ့ပြီး Amazon.com မှာ အမေရိကန် ဒေါ်လာ (၅၉.၉၉)နဲ့ ရရှိနိုင်ပါတယ်။ အဓိကဖောက်သည်တွေက ၂၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရနိုင်ပါတယ်။

ယူကေမှာ Xbox One နှင့် PS4 နှစ်ခုလုံး (deluxe ဗာရှင်း) ကို ပေါင် (၅၉.၉၉) နဲ့ ကို ရရှိနိုင်ပြီး Xbox 360 deluxe ဗားရှင်းကတော့ ပေါင် (၅၇.၉၉)နဲ့ အနည်းငယ် ဈေးသက်သာပါတယ်။ Standard ဗာရှင်းကိုတော့ ပေါင် (၄၅.၉၉) နဲ့ရနိုင်မှာဖြစ်ပါတယ်။ Super deluxe ကို ဝယ်မယ်ဆိုရင်တော့ ပေါင် (၇၉.၉၉) ကုန်ကျမှာဖြစ်ပါတယ်။

Fifa 17 ဂိမ်းကို ဝယ်ယူတဲ့အခါ Now TV ရဲ့ ဖျော်ဖြေရေးလိုင်းကို (၃) ရယူနိုင်မယ့် ထပ်ဆောင်းအနေနဲ့ အဆိုပါဂိမ်းက ကမ်းလှမ်းထားပါတယ်။

Fifa 17 မှာ Journey Mode ပါရှိပြီး ကန်ချက်တွေကို ကောင်းမွန်စွာ ထိန်းချုပ်မှုတွေ ပါဝင်ပါတယ်။

EA Sports က Fifa 17 ဂိမ်း မဖြန့်ခင် ရှေ့မှာ Fifa Ulitmate Team web app ကို ပြီးခဲ့တဲ့အပတ်က လွှတ်တင်ခဲ့ပါတယ်။

Ref; Wired

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly