၂၀၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော် သို့ တင်သွင်း

၂၀၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော် သို့ တင်သွင်း
ဓာတ်ပုံ-မျိုးသူအောင်

ရန်ကုန်၊ စက်တင်ဘာ ၂၉ ။             ။ ၂၀၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တိုင်းဒေသကြီး လွှတ်တော် တွင် တင်သွင်းလိုက်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တတိယ ပုံမှန်အစည်းဝေး ပထမနေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား တင်သွင်းခဲ့ခြင်း ဖြစ်သည်။
"အဓိကအားဖြင့် နှစ်ချက်ပါပဲ။ ဝန်ကြီးဌာန အမည်ပြောင်းလဲခြင်းနဲ့ ဦးစီးဌာနတွေရဲ့အမှတ်စဉ် ဝါစဉ်ပြောင်း လဲခြင်း ဖြစ် ပါတယ်" ဟု ဦးမြင့်သောင်းက လွှတ်တော်သို့ အဆိုတင်သွင်းစဉ် ပြောဆိုခဲ့သည်။

အဆိုပါ တင်သွင်းသည့် ဥပဒေကြမ်းကို လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် ဥပဒေကြမ်း ကော်မတီ၏ အစီရင် ခံ စာအား လွှတ်တော်သို့ တင်ပြသွားရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌက အတည်ပြုပေးခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် တတိယ ပုံမှန်အစည်းဝေး ပထမနေ့တွင် မေးခွန်း (၈)ခု မေးမြန်းခဲ့ပြီး အဆိုနှစ်ခု တင်သွင်းခဲ့ကာ အစည်းအဝေးဒုတိယနေ့ကို အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly