တအာင်းပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်နေမှုများ ရပ်တန့်ပေးရန် တအာင်းအဖွဲ့များ တောင်းဆို

တအာင်းပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်နေမှုများ ရပ်တန့်ပေးရန် တအာင်းအဖွဲ့များ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၈ ။            ။ ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်းမှ တအာင် ပြည်သူများအား ညှင်းပန်းနှိပ်စက်မှုများကို ရပ်တန့် ပေးရန်အချက် အပါအဝင် တောင်းဆိုချက် ၁၅ ချက်ကို တအာင်း(ပလောင်)အဖွဲ့များက တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် တအာင်း(ပလောင်)အမျိုးသားပါတီ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်း သံဃာတော်များအဖွဲ့ နှင့် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့က ဦးစီးပြုလုပ်သည့် ရှမ်းပြည်နယ်အတွင်း တအာင်း လူ့အခွင့်အရေးအခြေအနေ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

"ရှမ်းပြည်မြောက်ပိုင်းရှိ RCSS တပ်တွေ အမြန်ဆုံးဆုတ်ခွာပြီးတော့မှ အပြစ်မဲ့ပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြမ်း ဖက် ပြီး ဦးတည်တိုက်ခိုက်တဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့   တောင်းဆိုချင်ပါတယ်" ဟု တအာင်းကျောင်းသားနှင့် လူ ငယ်များအဖွဲ့ ဥက္ကဌ မိုင်းဆါည်ရံက်က ပြောသည်။

အဆိုပါ တောင်းဆိုသည့် အချက်များထဲတွင် RCSS နှင့် TNLA အဖွဲ့များကို တိုက်ပွဲများရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုချက်များ၊ လူသစ်စုဆောင်းခြင်းကိစ္စရပ်များ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၏ စည်းရုံးရေး လုပ်ငန်းများကို ပိတ်ပင်နှောင့်ယှက်ခြင်းများ ရပ်တန့်ပေးရန် စသည့် အချက်များ ပါဝင်သည်။

RCSS အဖြေင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည့်အတွက် စာချုပ်၏ အခန်း(၃) အပိုဒ်(၉) တွင် အ ရပ်သားများကို အကာအကွယ်ပေးခြင်း ကိစ္စရပ်များကို ချိုးဖောက်သည့်အတွက် JMC ကို အရေးယူပေးရန် တောင်းဆို ကြောင်း တအာင်း(ပလောင်) အမျိုးသားပါတီ မိုင်းကိုင်မြို့နယ် ဥက္ကဌ မိုင်းအောင်ခမ်းက ပြောသည်။

"ဒီနေ့ အခြေအနေထိ ဖြစ်နေတဲ့ တဖြည်းဖြည်းနဲ့ ဆိုးဝါးလာတဲ့ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းပေ့ါနော်၊ အခု JMC မှာ တာဝန်ထမ်းဆောင်နေတဲ့ ကော်မတီတွေပေါ့နော် ဒီကိစ္စတွေကို ထပ်ပြီးတော့မှ အရေးယူဆောင်ရွက်ပေးဖို့ တောင်း ဆိုတယ်" ဟု မိုင်းအောင်းခမ်းက ပြောသည်။

တအာင်းကျောင်းသားနှင့် လူငယ်များအဖွ့ဲ၏ သုတေသနပြုစုချက်များအရ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လက်  မှတ် ရေးထိုးပြီးသည့် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့နောက်ပိုင်း တအာင်း(ပလောင်) ဒေသတွင် လူ့အခွင့် အရေးချိုး ဖောက်မှုပေါင်း ၁၂၂ မှုအထိရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly