အာဆင်နယ်နှင့် အိုဇေးလ် စာချုပ်သစ်ချုပ်လိုက်ပြီဟု သတင်းထွက်

အာဆင်နယ်နှင့် အိုဇေးလ် စာချုပ်သစ်ချုပ်လိုက်ပြီဟု သတင်းထွက်

စက်တင်ဘာ ၂၈၊ လန်ဒန်။          ။ အာဆင်နယ်အသင်း၏ အဓိက ကစားသမား အိုဇေးလ်သည် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီး ၎င်း၏အကြိုက် နံပါတ် ၁၀ ကိုလည်း ဝတ်ဆင်ကစားမည်ဟု သတင်းများထွက်ပေါ်နေသည်။

၂၀၁၈ နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဂျာမန်ကွင်းလယ်ကစားသမား၏ အနာဂါတ်မှာ စာချုပ်ကိစ္စညှိနှိုင်းမှုနှောင့် နှေးနေသဖြင့် သံသယဝင်စရာဖြစ်နေခဲ့သည်။

သို့သော် ဂျာမန်သတင်းစာ ဘီလ်က အိုဇေးလ်သည် စာချုပ်သက်တမ်းမည်မျှရှည်သည်မရှင်းလင်းသော်လည်း တန်ဖိုးကြီးသည့် ကာလရှည်စာချုပ်သစ်ချုပ်လိုက်ပြီဟု ဖော်ပြခဲ့သည်။

အသက် ၂၇ အရွယ်ကစားသမား၏ ယခင်ကလစာမှာ တစ်ပတ်ပေါင် ၁၄၀, ၀၀၀ ဖြစ်ပြီး စာချုပ်သစ်အရ အသင်းတွင် လစာ အများဆုံးရသည့်ကစားသမားတစ်ဦးဖြစ်လာဖွယ်ရှိနေသည်။

ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ဝီလ်ရှီးယား ဘုန်းမောက်သို့တစ်ရာသီအငှားဖြင့်ပြောင်းသွားသည့်အတွက်လည်း ကျော နံပါတ် ၁၀ ကို အိုဇေးလ်က ဝတ်ဆင်ခွင့်ရဖွယ်ရှိနေသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags