တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်လုံခြံုရေးဝန်ကြီး မူးယစ်ဆေးဝါးနှိမ်းနင်းရေးကိစ္စ တွေ့ဆုံဆွေးနွေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်လုံခြံုရေးဝန်ကြီး မူးယစ်ဆေးဝါးနှိမ်းနင်းရေးကိစ္စ တွေ့ဆုံဆွေးနွေး
ဓါတ်ပုံ- Senior General Min Aung Hlaing FB

ရန်ကုန်၊ စက်တင်ဘာ ၂၇ ။             ။ မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်၊ ဖြန့်ဖြူးမှု လုပ်ငန်းများကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးကိစ္စရပ်များနှင့် နှစ်နိုင် ငံ နယ်စပ်ဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိခိုက်စေသည့် တရားမဝင် လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းများကို တားဆီးကာကွယ်ရေးကိစ္စရပ်များအတွက် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်လုံခြုံရေးဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့ လုံ ခြုံရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဂိုရှယ်ကွန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၈နာရီခွဲအချိန်တွင် နေပြည်တော် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

ကာကွယ်ရေးဦးစီးချုပ်က ဒီမိုကရေစီလမ်းကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး နည်းလမ်းအရ တွေ့ ဆုံ ဆွေးနွေးရန် လိုအပ်သည့် အခြေ အနေများ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တိုင်းရင်းသား လက် နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ် လုပ်ဆောင်နေသည့် အ ခြေအနေများကို တရုတ်လုံခြုံရေးဝန်ကြီးဘက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ၊ နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် အ ပြန်အလှန်သတင်းဖလှယ်ရယူမှုအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly