အီရန်နျူကလီးယားဆွေးနွေးမှု သမိုင်းဝင် သဘောတူညီမှုရရှိ

အီရန်နျူကလီးယားဆွေးနွေးမှု သမိုင်းဝင် သဘောတူညီမှုရရှိ

အီရန်နိုင်ငံ၏ နျူကလီးယားအစီအမံများနှင့် ပတ်သက်ပြီး ကန့်သတ်မှုများအပေါ်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့နှင့် အီရန်နိုင်ငံတို့ သမိုင်းဝင်သဘောတူညီမှုရရှိပြီဖြစ်၍ အီရန်နိုင်ငံအပေါ်ပိတ်ဆို့ထားသည့် စီးပွားရေး ဒဏ်ခတ်မှုများလည်း တစ်ခန်း ရပ်စေခဲ့ပြီဖြစ် သည်။

ယခုသဘောတူညီမှုကို သမိုင်းမှတ်တိုင်တစ်ရပ်အဖြစ် မျှော်လင့်ချက်အခန်းကဏ္ဍသစ်များဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီး ကပြောကြား လိုက်သည်။

သဘောတူညီမှုအရ ကုလသမဂ္ဂနျူကလီးယား စစ်ဆေးရေး အရာရှိများက ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုများ လုပ်ဆောင်သွားနိုင် မည်ဖြစ်သော်လည်း လုံးလုံးအကန့်အသတ်မရှိ ဝင်ရောက်စစ်ဆေးခွင့်တော့ ရရှိမည်မဟုတ်ပေ။

အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နှင့် ရုရှတို့အကြား အီရန်နျူကလီးယား အရေးနှင့် ပတ်သက်ပြီး ၂၀၀၆ ခုနှစ်က စတင်ကာဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။

ထိုခြောက်နိုင်ငံဆွေးနွေးပွဲ P5+1 က အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားစီမံကိန်းများက နျူကလီးယား လက်နက်ထုတ် လုပ်ခြင်းများ မလုပ်ဆောင်လာရေး အာမခံချက် ရရှိရန်ဖြစ်သည်။

နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများမှ လွတ်မြောက်လိုသည့် အီရန်က ၎င်း၏ နျူကလီးယားလုပ်ဆောင်မှုများသည် ငြိမ်းချမ်းသော အရပ်ဖက်လျှပ်စစ်ဓာတ်အားပေးရေးစီမံကိန်းများအတွက်သာဖြစ်ကြောင်း အစဉ်တစ်စိုက်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုသဘောတူညီမှုက ကမ္ဘာတစ်ခုလုံး အတွက်မျှော်လင့်ချက် လက္ခဏ တစ်ရပ်ပင်ဖြစ်ကြောင်း အီးယူနိုင်ငံခြားရေးပေါလစီ အကြီးအကဲ ဖီဒါရီကာက ပြောပြီး "အခုဆုံးဖြတ်ချက်က နိုင်ငံတကာဆက်ဆံရေးအတွက် လမ်းသစ်ဖွင့်လှစ်လိုက်နိုင် တာပဲဖြစ် တယ်။"ဟု ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly