မြောက်အမေရိက ရုံတင်ပြသငွေဇယားတွင် အမေရိကန်ဒေါ်လာ ၃၅သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ “ Magnificent Seven”

မြောက်အမေရိက ရုံတင်ပြသငွေဇယားတွင် အမေရိကန်ဒေါ်လာ ၃၅သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ “ Magnificent Seven”

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၆။          ။ အမေရိကန်ဒါရိုက်တာ ဂျွန်စတာဂျက်စ်၏ သေနတ်သမားအဖွဲ့အကြောင်း ရိုက်ကူးထားသော ၁၉၉၀ ဂန္တဝင်ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားသော “ The Magnificent Seven” ရုပ်ရှင်ကားသည်  ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅သန်းရရှိကာ မြောက်အမေရိက ရုံတင်ပြသငွေဇယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်နေသည်။

အာကီရာကကူရိုဆာဝါ၏ ၁၉၅၄ ခုနှစ် ရုပ်ရှင်ကား “ The Seven Samurai” ကို အခြေခံရိုက်ကူးထားသော “The Magnificent Seven” ရုပ်ရှင်ကားသည် မြိုတစ်မြို့ကို ကယ်တင်ခဲ့သော ကြေးစားသေနတ်သမားများ၏အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

“The Magnificent Seven” ရုပ်ရှင်ကားကို  အမေရိကန်ဒါရိုက်တာ အန်ထွာဖူကွာက ရိုက်ကူးခဲ့ကြောင်း နှင့် ထုတ်လုပ်စရိတ် အမေရိကန်ဒေါ်လာ သန်း ၉၀ ကုန်ကျခဲ့သည်။ အဆိုပါ ရုပ်ရှင်ကားတွင် တောင်ကိုရီးယား မင်းသား လီဗြောင်ဟွန်း ၊ မက္ကဆီကို မင်းသား မာနူလ်ဂါဆီကာရာလ်ဖို ၊ အမေရိကန်မင်းသား မာတင်ဆန်မီအာ နှင့် အခြားအနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားသည်။

“Storks” အန်နီမေးရှင်း ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၂၁ဒသမ၈သန်းဖြင့် နံပါတ် ၂နေရာတွင် ရပ်တည်နေပြီး “Sully” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၁၃ဒသမ၈သန်းဖြင့် နံပါတ် ၃နေရာတွင် ရပ်တည်နေသည်။

  ”Bridget Jone’s Baby” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၄ဒသမ၅သန်းဖြင့် နံပါတ် ၄နေရာတွင် ရပ်တည်နေကာ “Snowden” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၄ဒသမ၁သန်းဖြင့် နံပါတ် ၅နေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly