မုဒိမ်းကျင့်ခံရ၍ ရဲစခန်းလာတိုင်သော ဆယ်ကျော်သက်မိန်းကလေးကို ရဲက မုဒိမ်းသမားများအားထောင်ဖမ်းရန် တည်ကြက်လုပ် ခိုင်းရာမှနောက်ထပ် တစ်ကြိမ် မုဒိမ်းပြုကျင့်ခံရ

မုဒိမ်းကျင့်ခံရ၍ ရဲစခန်းလာတိုင်သော ဆယ်ကျော်သက်မိန်းကလေးကို ရဲက မုဒိမ်းသမားများအားထောင်ဖမ်းရန် တည်ကြက်လုပ် ခိုင်းရာမှနောက်ထပ် တစ်ကြိမ် မုဒိမ်းပြုကျင့်ခံရ

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် အသက်ဆယ်ခုနစ်အရွယ် မိန်းကလေးတစ်ဦး ဓားထောက်ပြီး အတင်းသား မယားပြုကျင့်ခံရ သဖြင့် ရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်တန်းရာ ရဲက မုဒိမ်းပြုကျင့်သည့် ရာဇဝတ်သားများကို ဖမ်းဆီးနိုင်ရေးအတွက် အဆိုပါ မုဒိမ်းပြုကျင့်ခံရသူ မိန်းကလေးကို တည်ကြက်လုပ်ခိုင်းပြီး မုဒိမ်းသမားများကို ထောင်ဖမ်းရာမှ မိန်းကလေးဖြစ်သူမှာ ၎င်းအား အဓမ္မမုဒိမ်းပြုကျင့်ထားသူများ၏ ထပ်မံသားမယားပြုကျင့်ခြင်းကို ခံလိုက်ရသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

မဟာရာရှတရာပြည်နယ် ဂျာလနာအရပ်တွင် ဆယ်ကျော်သက်မိန်းကလေးကို လူနှစ်ဦးက ဓားထောက်သားမယားပြုကျင့် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သားမယားပြုကျင့်ခံရသည့် မိန်းကလေးက ရဲစခန်းသို့ လာတိုင်ရာ ယင်းမုဒိမ်းသမားများကို ထောင်ချောက်ဆင်မျှားခေါ်ပြီး ဖမ်းရန်အတွက် မိန်းကလေးကို ရဲများက တည်ကြက်လုပ်ခိုင်းခဲ့သည်။ မိန်းကလေးအား နောက်တစ်နေ့တွင် မုဒိမ်းပြုကျင့်ခဲ့ သူများနှင့် ထပ်မံတွေ့နိုင်ရန် စီစဉ်ပြီး ရဲက နောက်ယောင်ခံလိုက်ရန် စီစဉ်သည်။

သို့သော်လည်း ရဲများက မိန်းကလေးနောက်က နောက်ယောင်ခံလိုက်ကြရာတွင် လုံလောက်သည့် နီးကပ်သည့် အကွာအဝေးမှ မလိုက်သဖြင့် မိန်းကလေးမှာ မုဒိမ်းပြုကျင့်သူများနှင့် ထပ်တွေ့ရာတွင် နောက်ထပ်တစ်ကြိမ် အလိုမတူဘဲ သားမယားပြုကျင့်ခံ လိုက်ရခြင်းဖြစ်သည်။ ယင်းသို့ မိန်းကလေးအား နှစ်ကြိမ်တိုင် သားမယားပြုကျင့်သူနှစ်ဦးစလုံးမှာ အသက် ၂၀ ဝန်းကျင်လူငယ် များဖြစ်ကြသည်။

ပထမအကြိမ် သားမယားပြုကျင့်ခံရမှုမှာ ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမိန်းကလေးက ရည်းစားဖြစ်သူနှင့် အတူ လမ်းလျှောက်လာစဉ် အဆိုပါ လူငယ်နှစ်ဦးက မိန်းကလေးအား လိမ်လည်လှည့်ဖြားခေါ်ဆောင်ကာ ရည်းစားဖြစ်သူကို ပထုတ် ခဲ့သည်။ နောက်တွင် မိန်းကလေးကို ဓားထောက်ပြီး အနီးတောအုပ်အတွင်း သားမယားပြုကျင့်ကြခြင်းဖြစ်သည်။

မိန်းကလေး၏ ဖုန်းကိုလည်း ယူဆောင်သွားကာ ယင်းဖုန်းဖြင့် ၎င်းတို့ သားမယားပြုကျင့်နေပုံများကိုလည်း ဗီဒီယိုရိုက်ကူး သွားကြ သည်။

ရဲကို မိန်းကလေးဖြစ်သူက အမှုလာရောက်တိုင်ကြားပြီးနောက်တွင် မုဒိမ်းပြုကျင့်သူများ မိန်းကလေးနှင့် မိခင်ဖြစ်သူတို့ကို ဆက်သွယ်ခြိမ်းခြောက်လာခြင်းဖြစ်သည်။ ဖုန်းဖြင့် ရိုက်ကူးထားသည့် မိန်းကလေးအား သားမယားပြုကျင့်ပုံ များဖြင့် ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးစားလာခြင်းဖြစ်သည်။

ထိုအတွက် ရဲက ၎င်းမုဒိမ်းကျုးလွန်သူများကို မိန်းကလေးက သွားရောက်တွေ့ပြီး ထောင်ချောက်ဆင်ဖမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မိန်းကလေးက မုဒိမ်းသမားများထံ ငွေလာပေးဟန် တည်ကြက်လုပ်ပြီး မျှားခေါ်ထောင်ဖမ်းရန် စီစဉ်ခြင်းဖြစ်သည်။

သို့သော်လည်း မိန်းကလေးဖြစ်သူက ၎င်းအား သားမယားပြုကျင့်ခဲ့သူများနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံနေချိန်တွင် ရဲက အမှီနောက်ယောင်ခံ လိုက်လာနိုင်ခြင်း မရှိခဲ့ပေ။ ရဲတို့ဖက်က အဆက်အသွယ် လွဲချော်မှုများကြောင့်ဟုဆိုကာ မိန်းကလေး အားနောက်က ထပ်ကြပ်လိုက်လာနိုင်ခြင်းမရှိသဖြင့် ထိုမုဒိမ်းသမား နှစ်ဦးထံတွင် မိန်းကလေးဖြစ်သူမှာ နောက်ထပ်တစ်ခါ အလိုမတူဘဲ သားမယားပြုကျင့်ခံလိုက်ရခြင်းဖြစ်သည်။

နောက်ပိုင်း နာရီအနည်းငယ်အကြာတွင်မှ မုဒိမ်းပြုကျင့်သူနှစ်ဦးကို ဘူတာရုံတစ်ရုံတွင် ဖမ်းဆီးလိုက်နိုင်ခြင်းဖြစ်သည်။

ထိုသို့ တည်ကြက်လုပ်မျှားဖမ်းသည့် လုပ်ငန်းကို စီစဉ်လုပ်ဆောင်ခဲ့သည့် ရဲအရာရှိဖြစ်သူကို ရာထူးက ချခဲ့သည်။

ရဲက မိန်းကလေးဖြစ်သူသည် ၎င်းအား သားမယားပြုကျင့်သူများနှင့် တွေ့ဆုံမိချိန်တွင် လှမ်းအကြောင်း မကြားကြောင်းပြောဆို သည်။ သို့သော်လည်း မဟာရာရှတရာပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက " တရားခံများကို တည်ကြက်ဖြင့် အယောင်ပြမျှား ဖမ်းရာတွင် ငယ်ရွယ်သေးသည့် မိန်းကလေးဖြစ်သူကို တည်ကြက်လုပ်မိသည့် အမှားအယွင်းပင်ဖြစ်ကြောင်း" ဝန်ခံပြောကြား ခဲ့သည်။

Ref: MailOnline

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly