ငွေဆောင် တွင်ရေနစ်သေဆုံးသည့် ကိုရန်နိုင်၏ အလောင်းကိုတွေ့ပြီ

ငွေဆောင် တွင်ရေနစ်သေဆုံးသည့် ကိုရန်နိုင်၏ အလောင်းကိုတွေ့ပြီ

ငွေဆောင်တွင် ရေနစ်သေဆုံးခဲ့သည့် Miss Universe Pathein 2015ပြိုင်ပွဲ city director ကိုရန်နိုင်၏ အလောင်းကို ဇူလိုင် ၁၄ရက် ညနေ ၄နာရီ ၁၅တွင် တွေ့ရှိပြီဟု အတူ လိုက်ပါသွားတဲ့ ဓာတ်ပုံဆရာ ကိုအောင်သက်ဦး က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ တွင် ရေးသားထားသည်။

Miss Universe Pathein 2015 ပြိုင်ပွဲ ကို ဦးဆောင် ကျင်းပခဲ့သည့် celebrity & model agency မှ City Director ကိုရန်နိုင်နှင့်  သူငယ်ချင်း ဖြစ်သူ ကိုရဲကျော်ကျော်တို့ ဇူလိုင် ၁၃ရက်တွင် ငွေဆောင် ကမ်းခြေသို့ အပန်းဖြေ ခရီးသွားရာမှ ရေနစ် သေဆုံး သွားခဲ့ပြီး ကိုရဲကျော်ကျော်၏ ရုပ်အလောင်းသည် ဇူလိုင် ၁၃ရက် ည ၈နာရီ မိနစ် ၅၀ တွင် တွေ့ရှိခဲ့ကာ ကိုရန်နိုင်၏ အလောင်းကို ယခုအချိန်မှ တွေ့ရှိခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly