တရုတ်နိုင်ငံက ဘောလုံးကွင်း ၃၀ စာနှင့် ညီမျှတဲ့ အချင်း အကျယ် မီတာ ၅၀၀ ရှိ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကို တနင်္ဂနွေနေ့က တရားဝင် ဖွင့်လှစ်လိုက်ပြီး ၎င်းက စကြာဝဠာအတွင်းရှိ နက်နဲတဲ့ အရာတွေကို ဖော်ထုတ်ဖို့ အကူအညီပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။
ဘောလုံးကွင်း (၃၀) စာနှင့်ညီမျှပြီး ရောင်ပြန် အချပ်ပြား (panels) ၄,၄၅၀ ဖြင့် ပြုလုပ်ထားတဲ့ တယ်လီစကုပ် (FAST) ဟာ
၁၉၆၃ ခုနှစ်နောက်ပိုင်း အကြီးဆုံးဖြစ်တဲ့ Puerto Rico ရှိ အချင်း ၃၀၅ မီတာ (၁,၀၀၀ ပေ) ရှိ Aricebo Observatory တယ်ီစကုပ်ကို စံချိန်တင် ကျော်ဖြတ်သွားတာလည်းဖြစ်ပါတယ်။
ဒေါ်လာ (၁၈၀) သန်းကုန်ကျတဲ့ ငါးနှစ်စီမံကိန်းကြောင့် နေထိုင်သူ (၉,၀၀၀) ကို နေရာပြောင်းရွှေ့ခိုင်းရပါတယ်။ အဆိုပါဒေအတွင်း ကျန်ရစ်သူများဟာ FAST ရဲ့ လုပ်ငန်းများကို နှောက့်ယှက်မှု မလုပ်နိုင်ရန် ၎င်းတို့ရဲ့ ဆက်သွယ်ရေး ကိရိယားများ အသုံးပြုမှုကု ကန့်သတ်ရန်ရှိပါတယ်။
တယ်လီစကုပ် (FAST)ဟာ အာကာသအား စူးစမ်းလေ့လာခြင်းနှင့် ဂြိုလ်သားများကို ရှာဖွေခြင်းများတွင် အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။
© EFE_EPA