ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် စက်လှေ ၁၀ လှူဒါန်း

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် စက်လှေ ၁၀ လှူဒါန်း
ဓာတ်ပုံ - RPL

စစ်တွေ၊ စက်တင်ဘာ ၂၅ ရက်။                ။ ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် နေရာများသို့ လျင်မြန်စွာ သွားရောက်ကယ်ဆယ်နိုင်ရေး ဖိုက်ဘာ စက်တပ်လှေ (၁၀) စီးကို လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်နယ်အစိုးရသို့ လှူဒါန်းခဲ့သည်။

စက်တပ်လှေ တစ်စီး၏ ကာလတန်ဖိုး ကျပ် ၂၂ သိန်းနှုန်းဖြင့် ၁၀ စီးအတွက် ကျပ်သိန်း ၂၂၀ ကို ငွေသားနှင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ လူမှုအသိုက် အဝန်းအားလုံးကို အကူအညီပေးနိုင်အောင်အတွက် ရည်ရွယ်ပြီးတော့လှူတာပါပဲ။ ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံမှုမရှိဘဲ ကူညီနိုင်ဖို့ပါ။” ဟု ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ယင်းလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly