ပဒေဿရာဇ် ဆန့်ကျင်ရေး ကွန်ရက်မှ လူ၁၀ဦးကို ထိုင်းစစ်ခုံရုံး ကထောင် ၁၀နှစ်စီပြစ်ဒဏ် ချမှတ်

ပဒေဿရာဇ် ဆန့်ကျင်ရေး ကွန်ရက်မှ လူ၁၀ဦးကို ထိုင်းစစ်ခုံရုံး ကထောင် ၁၀နှစ်စီပြစ်ဒဏ် ချမှတ်

ဘန်ကောက်၊ ဇူလိုင်-၁၄ ။      ။ ထိုင်းနိုင်ငံ၏ အငြင်းပွားဖွယ် အချုပ်အခြာပိုင်ကို စော်ကားမှုဥပဒေ (lese majeste) အရတော်ဝင် မိသားစုကို အသေရေဖျက်ရန်ရည်ရွယ်သည့် အသံသွင်းမှုများ ပြုလုပ်ခဲ့သည့်အတွက် ပဒေဿရာဇ်ဆန့်ကျင်ရေးကွန်ရက်မှ လူ ၁၀ ဦး ကို ဘန်ကောက် စစ်ခုံရုံးက ဇူလိုင်လ ၁၄ရက်နေ့တွင် ထောင် ၅နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။  

အမျိုးသမီး ၄ ဦးပါဝင်သည့် ၁၀ယောက်အုပ်စုကို ဇန်နဝါရီနှင့် မတ်လအတွင်း ဘုရင်၊ မိဖုရားနှင့် နန်းမွေခံ (သို့မဟုတ်) အနွယ်တော်များ ကိုစော်ကားလျှင် အပြစ်ရှိပြီး ထောင်ဒဏ် ၁၅နှစ်အထိ အပြစ်ပေးနိုင်သည့် ထိုင်း ရာဇဝတ်မှုဆိုင်ရာ ပုဒ်မ ၁၁၂ အရ တရားစွဲဆိုခဲ့ခြင်းပင်ဖြစ်သည်။

အဆိုပါ၁၀ယောက်အုပ်စုကို နောက်ထပ် ထောင်၅နှစ်နှင့်အထက် ပြစ်ဒဏ်ချမှတ်နိုင်သည့် ကွန်ပျူတာ ရာဇဝတ်မှု အက်ဥပေဒကို ချိုးဖောက်မှုဖြင့်လည်း တရားစွဲဆိုထားရာ အာဏာပိုင်များက တော်ဝင်မိသားစုကို ဝေဖန်သည့် လိုင်းတင်အချက်အလက်များကို ပိုက်စိတ် တိုက်စောင်ကြည့်လာမှု တစ်ခုအဖြစ် ကွန်ပျူတာ ရာဇဝတ်မှု ဥပဒေကို အချုပ်အခြာပိုင် ကိုစော်ကားသည့် ဥပဒေနှင့် ဆက်စပ်အသုံးပြုမှု ပိုမိုမြင့်မားလာနေသည်ဟု ဆိုသည်။

ဖေ့စ်ဘုတ်စာမျက်နှာနာမည် ''ဘန်ပေါ့ ကွန်ရက် (Banpodj Network)''ဟုခေါ်သည့် ၈ယောက်အုပ်စုကို မူလက ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့ပြီး၊ အခြားနှစ်ယောက်ကိုမူ ထောင်ဒဏ် ၆နှစ် ချမှတ်ခဲ့ရာတွင် ၎င်းတို့၏ ဝန်ခံဖြောင့်ချက်ပေး မှုကြောင့်ပြစ်ဒဏ် များကို တစ်ဝက်အထိ လျှော့ချပစ်ခဲ့သည်ဟု စစ်ခုံရုံးမှ တရားသူကြီးတစ်ဦးက ပြောကြားခဲ့သည်။  

၈ယောက်က ဘုရင်စနစ်ကို စော်ကားပြီး၊ ကွန်ပျူတာနဲ့ သတင်းအမှားတွေ ပုံနှိပ်ထုတ်ဝေမှုနဲ့ အပြစ်ရှိပြီး၊ အခြားနှစ်ယောက် ကတော့ သူတို့ကိုထောက်ခံပြီး ကြံရာပါလုပ်ခဲ့လို့ ပိုပြီးတိုတောင်းတဲ့ ထောင်ဒဏ်ပဲ ချမှတ်ခံရတာပါ''ဟု အဆိုပါတရားသူကြီး က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly