အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြစ်ကမ်းပါးတစ်ခုရှိ ဘုရားရှိခိုးကျောင်းတို့ လာရောက်ဖူးမျှော်သူများကြား လူအုပ်ပြိုမှုဖြစ်ရာ လူအနည်းဆုံး ၂၀ သေဆုံးသည်။
ဟိန္ဒူဘုရားဖူးများက Maha Pushkaralu ဘုရားဖူးပွဲတော်အစတွင် Godavari မြစ်ကမ်းပါးရှိ ဂူဘုရားကျောင်းသို့ လာရောက် ဖူးမျှော်သည့် အလေ့အထရှိသည်။
လူအုပ်ပြိုကျမှုက ဒေသစံတော်ချိန် နံနက် ၈နာရီခန့်တွင် ဖြစ်ပွားခြင်းဖြစ်သည်။
ရက်ပေါင်း ၁၂ ရက်ကြာကျင်းပသည့် ယင်းဘုရားပွဲတော်သို့ ဘုရားဖူးလာရောက်သူပေါင်း ၂၄ သန်းနီးပါးရှိမည် ခန့်မှန်းထား သည်။
ထိုမြစ်ကမ်းပါးမှ မြစ်ရေကို ချိုးခြင်းဖြင့် မိမိတို့၏ အပြစ်များကို ဆေးကြောသန့်စင်စေသည်ဟု ယုံကြည်မှုဖြင့် လာရောက် ကြခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ယခုကဲ့သို့ ဘုရားပွဲတော်များတွင် သေကျေပျက်စီးမှုများသည့် လူအုပ်ပြိုကျမှုများ ဖြစ်ပွားလေ့ရှိတတ်သည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက မတ်ဒဟာပရာဒေ့ရှ်ပြည်နယ်တွင် ဟိန္ဒူဘုရားပွဲတော်ကျင်းပစဉ်အတွင်း လူအုပ်ပြိုကျ မှုကြောင့် လူပေါင်း ၁၁၅ ဦးသေဆုံးခဲ့သည်။
Ref: BBC