အိမ်အကူ အမျိုးသမီးနှစ်ဦးကို နှိပ်စက်သူများအနက်မှ တစ်ဦးထပ်မံ ဖမ်းမိပြီး တစ်ဦးလွတ်မြောက်နေ

အိမ်အကူ အမျိုးသမီးနှစ်ဦးကို နှိပ်စက်သူများအနက်မှ တစ်ဦးထပ်မံ ဖမ်းမိပြီး တစ်ဦးလွတ်မြောက်နေ
Photo-Yangon Police

ရန်ကုန်၊ စက်တင်ဘာ ၂၃ ။             ။ အိမ်အကူအမျိုးသမီး နှစ်ဦးကို လုပ်ခလစာ မပေးဘဲ ညှင်းပန်းနှိပ်စက်ခဲ့ခြင်းကြောင့် ကျောက်တံတားရဲစခန်းတွင် အမှု ဖွင့်ခံထားရသည့် ကျူးလွန်ခဲ့သူများအနက်  ရာဇာထွန်းအား စက်တင်ဘာ ၂၃ရက်နေ့ နေ့လည် ၁နာရီခွဲဝန်းကျင်က ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ အမှုတွဲထဲက ကျူးလွန်သူများထဲမှ  မသီရိလတ်တစ်ဦးသာ ဖမ်းဆီးရမိရန် ကျန်ရှိနေပြီး ကျန်သူများအားလုံး ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ရက်နေ့နေ့လည်ပိုင်းက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"ခြောက်ယောက်မှာ ငါးယောက်မိသွားပြီခင်ဗျ။ သီရိလတ်တစ်ယောက်ပဲကျန်တော့တယ်ခင်ဗျ" ဟု ကျောက်တံတား ရဲစခန်းက ရဲအုပ်အောင်ဇော်ဝင်းက မဇ္ဈိမကို ပြောသည်။

ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်မိသားစုက အသက်(၁၆)နှစ်နှင့် (၁၇)နှစ်အရွယ် ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး ငယ်နှစ်ဦးအား ကိုယ်လက်အင်္ဂါ ချို့ယွင်းစေသည်အထိ နှိပ်စက်မှု ပြုလုပ်ခဲ့သောကြောင့် လူကုန် ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြုလုပ်ကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပ ဒေပုဒ်မ ၂၄/၃၂ ဖြင့် ဦးစွာအမှု ဖွင့်ခဲ့ခြင်း ဖြစ်ကာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာ နက ကလေးသူငယ် ဥပဒေ ၆၆ (ဃ) ဖြင့် ထပ်မံအမှုဖွင့်ထား ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly