တောင်ကိုရီးယား ကမြောက်ကိုရီးယား တံငါသည်နှစ်ဦး ကိုနေရပ်ပြန်ပို့

တောင်ကိုရီးယား ကမြောက်ကိုရီးယား တံငါသည်နှစ်ဦး ကိုနေရပ်ပြန်ပို့

ဆိုးလ်၊ ဇူလိုင်-၁၄ ။     ။ တောင်ကိုရီးယားတွင်ပင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည့် အခြားသုံးဦးကိုပါ လွှဲပေးဖို့ ပြုံယမ်းရဲ့ ခြိမ်းခြောက်တောင်းဆိုမှုတွေကို တောင်ကိုရီးယားက လျစ်လျူရှုလိုက်ပြီး၊ မြောက်ကိုရီးယား တံငါသည်နှစ်ဦးကို ဇူလိုင်လ ၁၄ ရက်နေ့က နေရင်းနိုင်ငံသို့ ပြန်ပို့ခဲ့သည်။

 တံငါသည်နှစ်ဦးမှာ နယ်စပ်စစ်မဲ့ဇုန်ကျေးရွာ ပန်မွန်ဂျွမ်တွင် နယ်စပ်စည်းကို ဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်သွားကြသည်ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့သည်။

အဆိုပါတံငါသည်နှစ်ဦးမှာ အရှေ့ဖက်ကမ်းရိုးတန်းကမ်းလွန် တောင်ကိုရီးယားရေပိုင်နက်ထဲတွင် လွင့်မျောနေသည့် လှေကို ဇူလိုင်လ ၄ရက်နေ့တွင် ကမ်းခြေစောင့်တပ်က တွေ့ရှိကယ်ဆယ်ထားခဲ့သည့် မြောက်ကိုရီးယားနိုင်ငံသား ၅ဦးထဲတွင် ပါဝင်သည်။ ငါးဦးအနက် သုံးဦးက တောင်ကိုရီးယားတွင် နေထိုင်ရန် တောင်းဆိုခဲ့သည်ဟု ဆိုးလ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား၏ ပေါ်လစီအရ ပြန်မပို့ရန် ရှင်းရှင်းလင်းလင်း တောင်းဆိုလာခြင်းမရှိပါက  မည်သည့်မြောက်ကိုရီးယား တံငါသည်ကိုမဆို နေရင်းနိုင်ငံသို့ ပြန်ပို့လေ့ရှိသည်။    

မြောက်ကိုရီးယားက ၅ယောက်စလုံးကို ပြန်ပို့ရန် တောင်းဆိုထားပြီး၊ တောင်ကိုရီးယားဘက်မှ မလိုက်နာပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

''ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပါဘူး''ဟု တံငါသည်နှစ်ယောက် မြောက်ကိုရီးယားဘက်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားမှုနှင့် ပတ်သက်ပြီး တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း အရှေ့ဖက်ကမ်းရိုးတန်း ကမ်းလွန်တွင် ကယ်ဆယ်ခဲ့သည့် မြောက်ကိုရီးယား တံငါသည်နှစ်ယောက် ကိုပြန်ပို့ပေးခဲ့ပြီး၊ ယမန်လက အခြားမြောက်ကိုရီးယား ၅ဦးကိုလည်း အမှန်တကယ် အိမ်ပြန် လိုကြောင်း သေချာလာသည့်အခါတွင် မြောက်ကိုရီးယားသို့ ပြန်ပို့ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly