ဂျပန်နိုင်ငံအနီး ပစိဖိတ်သမုဒ္ဒရာအောက်မှာ ငလျင်လှုပ်

ဂျပန်နိုင်ငံအနီး ပစိဖိတ်သမုဒ္ဒရာအောက်မှာ ငလျင်လှုပ်

ဂျပန်ကမ်းရိုးတန်းမှ ကီလိုမီတာ ၁၅၀ လောက်မှာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း သောကြာနေ့ မနက်စောပိုင်းက ပြင်းအား (၆.၃) ရှိ ငလျင်တစ်ခု လှုပ်သွားကြောင်း အမေရိကန်ဘူမိဗေဒ (USGS) က ပြောပါတယ်။

အဆိုပါရေတိမ်ပိုင်းငလျင်ဟာ ရေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာအနက်မှာ ဝ.၁၄ ဂရင်းနစ်စံတော်ချိန်က လှုပ်ခတ်သွားတာဖြစ်ပါတယ်။

ဟာဝိုင်ယီကျွန်းရိ ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဆူနမီအန္တရယ်မရှိဟု ထုတ်ပြန်ထားပြီး ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ကလည်း ငလျင်ပြင်းအား (၆.၃) ရှိသော်လည်း ဂျပန်မှာ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

မြို့တော် တိုကျိုအပါအဝင် ဂျပန်ရဲ့ စီရင်စု (၉) နေရာမှာ အသေးစား လှုပ်ခတ်မှု ခံစားခဲ့ရကြောင်း JAM က ပြောပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags