နှိပ်စက်ခံ ကလေးနှစ်ဦး၏ ပြန်လည်ထူထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်းကို တာဝန်ယူမယ်ဆိုတဲ့ လူ၊ကယ်၊ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် အင်တာဗျူး

နှိပ်စက်ခံ ကလေးနှစ်ဦး၏ ပြန်လည်ထူထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်းကို တာဝန်ယူမယ်ဆိုတဲ့ လူ၊ကယ်၊ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် အင်တာဗျူး
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။            ။ အင်း၀ အပ်ချုပ်ဆိုင်တွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် အိမ်အကူ အမျိုးသမီးနှစ်ဦးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ကူညီစောင့် ရှောက်ထားပြီး အင်းဝအပ်ချုပ်ဆိုင်ကို ကလေးသူငယ် ဥပဒေ ပုဒ်မ  ၆၆ (ဃ) နဲ့ တရားစွဲဆိုထားပါတယ်။ ဒီကလေး ငယ်တွေကို ဘယ်လိုစောင့်ရှောက်ထားတယ် ၊ ကလေးငယ်တွေရဲ့ ဘ၀ ပြန်လည်ထူထောင်ဖို့ လူကယ်ပြန်အနေဖြင့် မည်ကဲ့သို့ ကူညီသွားမည်ဆိုတာကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ မဇ္ဈိမ က ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ အခုလို ဖြေကြားသွားပါတယ်…..။

အခုဆိုရင် သူ့အသက်မွေးဝမ်းကျောင်းလိုလာပြီလေ။ အဲ့တော့ သူ့အသက်မွေးဝမ်းကျောင်းကို ပြန်လည် ထူ ထောင်ရတဲ့ လုပ်ငန်းက ကျွန်တော်တို့က လုပ်ပေးရမှာပေါ့။ အဲ့ဒီ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဝန်ကြီးဌာနမှာ ရှိနေတဲ့ အမျိုးသ မီး အသက်မွေး အတတ်သင်ကျောင်းမှာ သူတို့ကို ထားတာ။ ထားလိုက်ပြီးတော့ သူတို့ကို အသက်မွေး ဝမ်းကျောင်း ပ ညာ တွေသင်ပေးမယ်။ စိတ်ဓာတ်ရေးရာ မြှင့်တင်မှုတွေ လုပ်ပေးမယ် စသဖြင့် ဒါတွေလုပ်ပေးမှာပေါ့နော် ဆိုပါတယ်။

အပြည့်အစုံကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်......

မေး။   ။ လူကယ်ပြန် ဝန်ကြီးဌာနအနေနဲ့ အင်း၀ အပ်ချုပ်ဆိုင်ကို ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ စွဲထားတယ် လို့ သိရပါတယ်။ အဲ့ဒါ ဘာကြောင့်ပါလဲ၊ ရဲက လူကုန်ကူးမှု တားစီးကာကွယ်ရေး ဥပဒေနဲ့ တရားစွဲထားတာ မလုံလောက်သေးဘူးလို့ပြောလို့ရမလား။

ဖြေ။    ။ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူတွေမှာ တစ်ခုခု ဒုက္ခကြုံတွေ့နေရတယ်ဆိုရင် အစိုးရမှာ တာဝန်ရှိတဲ့ အ ပိုင်းဆိုရင် အစိုးရမှာ တာဝန်ယူရတာရှိတယ်။ ကျွန်တော်တို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေနဲ့ မွေးကင်းစကနေ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်ရ တယ်။ လုပ်တဲ့အခါမှာ ဥပဒေတွေ နည်းဥပဒေတွေ ပြဌာန်းပြီး ဆောင်ရွက်ရတယ်။ အဲ့တော့ ဒီကလေးတွေဟာ ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက်ကြောင့် ကလေးသူငယ်တွေကို စောင့်ရှောက်တဲ့ ဥပဒေနဲ့ အကျုံးဝင်တယ်။ ကလေးတွေမှာလည်း ဒီလိုမျိုး ထိခိုက်နစ်နာတာတွေကို ထင်ရှားပေါ်ပေါက်နေတာတွေကို တွေ့နေရတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ တာဝန်ရှိတာပေါ့နော်။ ဥပဒေကလည်း ရှိတယ်၊ တကယ်လည်း ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ တာဝန် ရှိတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနကနေပြီးတော့ ထုတ်ထားတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေတွေက သက်ရောက်ရမယ်။ ဥ ပဒေရှိနေပြီဆိုရင် ပြည်သူလူထုကို ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ပေးရမယ်။ ဥပဒေရှိနေပြီ ၊ ဒီဥပဒေနဲ့ ကာကွယ် စောင့် ရှောက်ပေးရမယ့် လူလည်းတွေ့နေပြီဆိုရင် ကျွန်တော်တို့က မဆောင်ရွက်လို့ မရဘူး။ ဒါကြောင့်မို့လို့ ကျွန်တော် တို့ ဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ အပိုင်းကနေပြီးတော့ ဥပဒေအတိုင်း ဒီကလေးတွေဟာ အသက်မ ပြည့်သေးတဲ့ ကလေးတွေဖြစ်တဲ့အတွက်ကြောင့် ကလေးတွေကို ကာကွယ်စောင့်ရှောက်ရတဲ့ ဥပဒေနဲ့ ကျွန်တော်တို့ ဝန် ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက တရားလို ပြုလုပ်ပြီး တရားစွဲဆိုရတာဖြစ်ပါတယ်။ ပြည်သူလူထုကို ကာကွယ်စောင့် ရှောက်ရမယ့် တာဝန်ရှိတဲ့အတွက် အစိုးရအဖွဲ့အနေနဲ့ ကိုယ့်တာဝန်ကိုယ် ဆောင်ရွက်တဲ့ သဘောပဲ။

မေး။   ။ ဟုတ်ကဲ့ပါ ။ ဒါဆိုတော့ အခုတရားစွဲလိုက်တဲ့ ဒီ ကလေးသူငယ် ဥပဒေပုဒ်မ က ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှား ဆုံးဖြတ်ပြီဆိုရင်ကော ဘယ်လောက်ထိ ပြစ်ဒဏ်ချမှတ်နိုင်မလဲ ခင်ဗျ။

ဖြေ။    ။ တကယ်တမ်းဆိုရင် ဒီဥပဒေပုဒ်မက နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်လို့ရတယ်။ ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ခု လုံးဖြစ်ဖြစ် ချမှတ်လို့ရတာပေါ့။ ဒါကတော့ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ ဥပဒေနဲ့ စွဲလိုက်တယ်။ တခြားအ ကြောင်း တွေရှိဦးမယ်။ ဒီဖြစ်စဉ်ကြီးက နည်းနည်း နက်နဲတယ်။ ပြီးတော့ ကျယ်လည်း ကျယ်ပြန့်တယ်။ ဆိုတော့ တခြား လူ ကုန်ကူးမှုကိစ္စတွေလာမယ်၊ ရဲအရေးပိုင်တဲ့ ကိစ္စတွေ ရောက်လာမယ်။ ဒါတွေလည်း တကယ်ကျူးလွန်ထားတယ်ဆိုရင် ခံရမှာပဲ။ ကျွန်တော်တို့ဘက်လည်း ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့သဘောပါ။

မေး။   ။ လူကယ်ပြန်အနေနဲ့ ဒီလိုမျိုး တရားစွဲဆိုတာတွေ ဘာတွေကို  အရင်တုန်းကကော လုပ်ဖူးလား။

ဖြေ။    ။ လုပ်ဖူးတယ်။ အရင်တုန်းက လုပ်ဖူးပါတယ်။ ဒီလိုမျိုး ပတ်သက်တဲ့ကိစ္စတွေ လုပ်ဖူးပါတယ်။

မေး။   ။ ဒီကလေးတွေရဲ့ အမှုမှာ ကော်မရှင်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ နှစ်ဦးနှစ်ဖက် ကာယကံရှင် ကြေအေးပြီး ပြီး ပြတ် သွားခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ဝန်ကြီးတို့အနေနဲ့က တရားပြန်စွဲတယ်ဆိုတော့ ကော်မရှင်ရဲ့ ညှိနှိုင်းမှုတွေက လို အပ်ချက်ရှိနေလို့လား။

ဖြေ။    ။ ဒီဖြစ်စဉ်ကြီးကို ကျွန်တော်တို့ ကြည့်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ဘယ်သူ ဘာလိုတယ် ဆိုတာထက် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ကို ကျွန်တော်တို့ လုပ်တဲ့သဘောပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်က ကျွန်တော်တို့အတွက် လျစ်လျူရှုနေလို့ မရဘူးလေ။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့လုပ်ရမယ့်အလုပ်ကို ကျွန်တော်တို့လုပ်တာပဲ။ ဘယ်သူက ဘယ်လိုလုပ်လိုက်လို့ လွတ်သွားမှာစိုးလို့ ၊ အဲ့လိုမျိုးတွေလည်း မဟုတ်ဘူး။ ကျွန် တော်တို့ လေ့လာဆန်းစစ်လိုက်တဲ့ အခါကျတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဒါက ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ပဲဆိုပြီး လုပ်တာပါ။

မေး။   ။ ကျွန်တော်တို့ သိရသလောက်တော့ ဝန်ကြီးတို့ ဝန်ကြီးဌာနကနေ ဒီကလေးတွေကို စောင့်ရှောက် ထား တယ်ဆို  တော့ ဘယ်လိုမျိုး စောင့်ရှောက်ထားတာမျိုးလဲ မသိဘူး ခင်ဗျ။

ဖြေ။    ။ စောင့်ရှောက်ထားတယ်ဆိုတာ ဒီလိုမျိုးလေ ။ သူတို့က စိတ်ရော လူရောထိခိုက်တာပေါ့။ ဒီကလေးတွေက စိတ် ရော လူရောထိခိုက်တယ်။ ကျွန်တော်တို့က ပြန်လည်ထူထောင်ရေးလုပ်ငန်းကို သူတို့အိမ်မှာပဲဖြစ်ဖြစ်ထားလိုက်ရင် အိမ် ကလည်း လုပ်ပေးနိုင်မှာမဟုတ်ဘူး။ အဲ့တော့ ကျွန်တော်တို့မှာ ဒါ မူက ရှိပြီးသား လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ လုပ် ထုံးလုပ်နည်းက ကျွန်တော်တို့က အမျိုးသမီးလေးတွေဆို အမျိုးသမီးလေးတွေကို ဒီလိုမျိုး တစ်ခုခု ခံစားခဲ့ရတဲ့ အမျိုး သမီးတွေ ပြန်လည်ထူထောင်တဲ့ သင်တန်းကျောင်းတွေ ကျွန်တော်တို့မှာရှိတယ်။ အမျိုးသမီး အသက်မွေး ပညာသင် ကျောင်း ဆိုတာကျွန်တော်တို့မှာရှိတယ်။ အဲ့တာကြောင့် မို့လို့ အသက်မွေးပညာသင်ကျောင်းမှာ သူတို့ကို စိတ်ဓာတ် ရေးရာ မြင့်တင်မှုတွေလည်းလုပ်ပေးမယ်။ နောက်ပြီးတဲ့အခါကျတော့ အသက်မွေးဝမ်းကျောင်းတွေ သူက ဒီနေရာမှာ အလုပ်ဆက်လုပ်လို့မဖြစ်တော့ဘူးဆိုရင် သူ့ကို အဲ့ဒီ နေရာကနေ ဖယ်ထုတ်ရတော့မယ်။

မေး ။  ။ ဟုတ်ကဲ့ပါ ခင်ဗျ။ သူတို့ရဲ့ ဘဝရပ်တည်ရေး ပြန်လည်ထူထောင်ရေးတွေအတွက်ကော ဘာတွေများ လုပ် ဆောင်ပေးသွားဖို့ရှိပါလဲ။

ဖြေ ။   ။ အခုဆိုရင် သူ့အသက်မွေးဝမ်းကျောင်းလိုလာပြီလေ။ အဲ့တော့ သူ့အသက်မွေးဝမ်းကျောင်းကို ပြန်လည် ထူ ထောင်ရတဲ့လုပ်ငန်းက ကျွန်တော်တို့က လုပ်ပေးရမှာပေါ့။ အဲ့ဒီ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဝန်ကြီးဌာနမှာ ရှိနေတဲ့ အမျိုးသမီး အသက်မွေး အတတ်သင်ကျောင်းမှာ သူတို့ကို ထားတာ။ ထားလိုက်ပြီးတော့ သူတို့ကို အသက်မွေး ဝမ်းကျောင်းပညာတွေသင်ပေးမယ်။ စိတ်ဓာတ်ရေးရာမြင့်တင်မှုတွေလုပ်ပေးမယ် စသဖြင့် ဒါတွေလုပ်ပေးမှာပေါ့နော်။ အခုလတ်တလောကတော့ စိတ်ရော လူရော ထိခိုက်တဲ့အတွက်ကြောင့် ဥပမာ သူက စိတ်ရောဂါနဲ့ပက်သက်လို့ လိုအပ်ရင် စိတ်ရောဂါဆရာဝန်ဆီ သူ့ကို ညွန်းပို့ပြီးတော့ စိတ်ကျန်းမာရေးကိစ္စနဲ့ ပက်သက်ပြီးကုရမယ့် ကိစ္စတွေရှိမယ်။ ရုပ်နဲ့ပက်သက်ရင် ကျွန်တော်တို့ ထိခိုက်ဒဏ်ရာ ရထားတယ် ပြန်လည်ပြုပြင်ဖို့လိုမယ်ဆိုရင် ကျွန်တော်တို့ ဆေးရုံတင်ပြီးတော့ ကုသစောင့်ရှောက်ပေးမယ်။ အခု ဒီအပိုင်းတွေကို ကျွန်တော်တို့သွားနေတာပေါ့နော်။

မေး။   ။ ဒါဆိုစောင့်ရှောက်တဲ့ အပိုင်းကကော အချိန်ကာလ ဘယ်လောက် အတိုင်းအတာနဲ့ ဘယ်အခြေအနေထိ စောင့် ရှောက်ထားမှာလဲ။

ဖြေ။    ။ အချိန်ကာလ အတိုင်းအတာဆိုတာက သူတို့အပေါ်မှာပဲမူတည်တယ် ။ ကျွန်တော်တို့က သတ်မှတ်ပြီး နှစ်နဲ့ လိုက်ပြီး ဘယ်လောက်နေရမယ် ကျွန်တော်တို့မှာမရှိဘူး။ သူတို့အမှုတွေ ကိစ္စတွေလည်း ပြီးပြတ်သွားပြီ ဆိုပါတော့ အခု ကတော့ အမှုရင်ဆိုင်နေရတဲ့ သဘောတော့ရှိတာပေါ့နော် ။ အဲ့ဒီ အမှုပြီးပြတ်သွားတဲ့ အထိကျွန်တော်တို့က ဒီမှာထား တယ်။ ထားပြီးတော့ သူတို့ကို ဒီကြားထဲမှာ အမှုမပြီးပြတ်ခင်ကာလ အတွင်းမှာ စိတ်ရော ကိုယ်ရော ပြီးတော့ အတတ်ပ ညာတွေကိုရော သင်ပေးတာပေါ့။ အဲဒီအမှုလည်းပြီးပြတ်သွားရော သူတို့က ဆက်ပြီးတော့ ဆွေးနွေးဖို့လိုသေးတယ်။  ပြင်ဖို့ လိုသေးတယ်ဆိုရင် ဆက်ထားလို့ရတယ်။ နောက်တစ်ခု ဘယ်လောက်ထိပြောလို့ရလည်းဆိုရင် ကျွန်တော်တို့က အကယ်၍များ သူ့အဖေ အမေက ဘယ်လိုမှ စောင့်ရှောက်ဖို့အခြေအနေမရှိဘူးဆိုရင် ကျွန်တော်တို့က ဆက်လက် စောင့်ရှောက် ပေးသွားလို့ ရတယ်။

မေး။   ။ ဟုတ်ကဲ့ပါ ။ ဝန်ကြီးအနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘာများဖြည့်စွက်ပြောချင်သေးလဲ ခင်ဗျ။

ဖြေ။    ။ ဖြည့်စွက်ပြောချင်တာကတော့ သတင်းအချက်အလက်ဆိုတာ အင်မတန် အရေးကြီး တာပေါ့နော်။ ကျွန် တော်တို့က သတင်းအချက်လက် အမှန်တွေရဖို့ အရေးကြီးတယ်။ အခုခေတ်က မီဒီယာတွေကပေါတော့ မီဒီယာတိုင်းက ဖော်ပြထားတဲ့ သတင်းအချက်လက် တွေကလည်း မှန်ချင်မှ မှန်တာလေ။ သတင်းအချက် အလက်အမှန်တွေ ရရှိဖို့ ပိုအရေးကြီးတယ်။ သတင်းအချက်အလက်အမှန်တွေ ရလို့ရှိရင် ကျွန်တော်တို့အစိုးရဘက်ကလည်း ဆောင်ရွက်ပေးလို့ ရတဲ့ဟာတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့သက်သေပြတာပေါ့နော်။ အဲ့တော့ ကျွန်တော်တို့ ဆိုလိုချင်တာကတော့ ကျွန်တော်တို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေနဲ့ Hot Line ဖုန်းနံ ပါတ်တွေ လုပ်ထားတယ်။ ၀၆၇- ၄၀၄၆၆၆ ၊ ၀၆၇- ၄၀၄၇၇၇ ။ တစ်ခုခုဖြစ်ရင်ကျွန်တော်တို့ကို ဖုန်းဆက်ပြီး အကြောင်း ကြား လို့ရတယ်။ အကြောင်းကြားရင် ကျွန်တော်တို့က သတင်းမှန်လား မမှန်လားဆိုတာကို ရအောင်လေ့လာမယ်။ ဆုံးဖြတ် မယ် ၊ အမှန်ရပြီးဆိုရင် အဲ့ဒီသတင်းအမှန်ကို ကျွန်တော်တို့နဲ့ ဆိုင်တဲ့ ဆောင်ရွက်သင့်တဲ့ဟာကို ဆောင်ရွက်မယ်။ ကျွန် တော်တို့နဲ့ မဆိုင်ဘူးဆိုရင် ညွှန်းပို့မယ်။ တခြားဆိုင်တဲ့ ဝန်ကြီးဌာန တွေကို ညွှန်းပို့မယ်။ တခြားအဖွဲ့အစည်းတွေကို ညွှန်းပို့သွားမယ်ပေါ့။ အဲ့လိုဟာတွေကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ သတင်းအချက်အလက်တွေ ကျွန်တော်တို့ ရရှိဖို့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်။

ဟုတ်ကဲ့ ခင်ဗျာ…..အခုလို ဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ရှိပါတယ် ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly