ယောကျင်္ားမိန်းမ တန်းတူ အခွင့်အရေးရှိတယ်လို့ ယုံကြည်ကြတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အမျိုးသမီးငယ်နှစ်ဦး

21 September 2016
ယောကျင်္ားမိန်းမ တန်းတူ အခွင့်အရေးရှိတယ်လို့ ယုံကြည်ကြတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အမျိုးသမီးငယ်နှစ်ဦး

၂၀၁၆ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာပွဲတော်မှာ ယောကျ်ားတစ်ယောက်လို အလုပ်လုပ်နိုင်စွမ်းတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို “သေနတ်တစ်လက်နဲ့ မိန်းမ”ဆိုတဲ့ မှတ်တမ်းရုပ်ရှင်မှာ တွေ့ရပါတယ်။

ဒီ “သေနတ်တစ်လက်နဲ့မိန်းမ” မှတ်တမ်းရုပ်ရှင်က Gender Equality ဆုကိုလည်း ရရှိသွားခဲ့ပါတယ်။ ထူးခြားတဲ့အချက်က ဒီအမျိုးသမီးအကြောင်းကို ရိုက်ကူးသူက အမျိုးသမီးငယ်နှစ်ဦး ဖြစ်ပါတယ်။

ဒီမှတ်တမ်းရိုက်ကူးသူ အမျိုးသမီးငယ်နှစ်ဦးက “မမေရီ” နဲ့ “မရူပါမိုမို”  ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူးဖြစ်သွားပုံနဲ့ မှတ်တမ်းထဲက သေနတ်တစ်လက်နဲ့မိန်းမ ဇာတ်ကောင်အကြောင်း ပြောပြထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

မေမရီ

နာမည်ကတော့ မေရီပေါ့နော်။ မြန်မာလူမျိုးပါ။ ငယ်ငယ်တုန်းက သူငယ်တန်း တစ်တန်းနှစ်တန်းအထိပဲ ဘူတာအိုမှာ တက်ဖြစ်တယ်ပေါ့နော်။ နောက်ပိုင်းကျတော့ ဖိလစ်ပိုင်မှာ ကျမ်းစာကျောင်းသွားတက်တယ်။ အဒေါ်တို့က ရန်ကုန်မှာနေတယ်။ ရန်ကုန်ကနေ ဘူတာအိုကို လာလည်တော့ လိုက်မယ်ဆိုပြီးတော့ အတင်းလိုက်ခဲ့လိုက်တာပါ။ မိသားစုထဲမှာ ရန်ကုန်ကိုရောက်တာ ကျွန်မ ပထမဦးဆုံးပါပဲ။

မရူပါမိုမို

နာမည်ကတော့ မရူပါမိုမို နေတာကတော့ လှည်းကူးမှာနေပါတယ်။ လှည်းကူးမှာနေပြီးတော့ ရန်ကုန်မှာ သင်တန်းတွေ လာတက်တယ်။ တက်ပြီးတော့ မီဒီယာလုပ်ငန်းတစ်ခုမှာ အလုပ်ဝင်လုပ်လိုက်သေးတယ်။ အလုပ်ဝင်လုပ်ပြီးတော့ အမတစ်ယောက်ကနေပြီးတော့ ဒီလိုမျိုးသင်တန်းတွေရှိတယ် အရမ်းလည်းကောင်းတယ်ဆိုပြီးတော့ သင်တန်းဖွင့်တယ်ဆိုရင် သွားလျှောက်ပါလားဆိုတော့ ကိုယ်က သွားလျှောက်မယ်ပေါ့နော်။ ကိုယ်လျှောက်မယ့်သင်တန်းရဲ့ခေါင်းစဉ်က လူ့အခွင့်ရေး ဆိုတော့ လူ့အခွင့်ရေးဆိုတာ ဘာလဲပေါ့နော် စိတ်ဝင်စားတာနဲ့ သွားပြီးတော့ လျှောက်ကြည့်မယ်ဆိုပြီး လျှောက်တယ်။ လျှောက်တဲ့အချိန်မှာ မမေရီတို့နဲ့ တွေ့တယ်။

မမေရီ

ဘူတာအိုမှာနေတာက တော်တော်ကြာပြီလေ။ ဒီရောက်တော့ တစ်ယောက်တည်းဖြစ်နေတာပေါ့။ သူငယ်ချင်းတွေကလည်း မရှိဘူးလေ။ အဲဒီကနေ ဦးလေးတစ်ယောက်နဲ့ ချိတ်ဆက်မိတယ်။ သူတို့အိမ်ရှေ့မှာပဲ အမျိုးသားစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူက သေနတ်ပစ်တဲ့နေရာမှာ ထူးချွန်တယ်။ ဆုတွေဘာတွေလည်း ရတယ်တဲ့။ သူက ယောကျ်ားလိုပဲတဲ့ ဘယ်အရာမဆို ကျားကျားယားယားနဲ့ လုပ်ဆောင်တယ်တဲ့။ ကိုယ့်ဒေသကိုလည်း တစ်ဖက်တစ်လမ်းကနေ ကောင်းမွန်တဲ့သူဖြစ်တယ်တဲ့။ ဒီဟာက အမျိုးသမီးအခွင့်ရေးအတွက်ဆိုတော့ သူလည်း အားတက်သရောလက်ခံပြီးတော့ သွားရိုက်ဖြစ်တာပါ။

မရူပါမိုမို

အဲဒီဇာတ်ကောင်က စစချင်း ဆက်သွယ်တဲ့အချိန်မှာပဲ တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘူတာအိုက ဖုန်းဆက်ဖို့ဆိုတာက အရမ်းကို ခက်ခဲတယ်။ သူများတွေက ကာရိုက်တာရှာတယ်ဆိုတာက သူတို့ကိုယ်တိုင်သွားတယ်။ ရန်ကုန်မြို့ထဲမှာပဲ သွားတွေ့တယ်။ ပြောတယ်ဆိုတယ်ပေါ့နော်။ ကျွန်မတို့နှစ်ယောက်က ဒီကာရိုက်တာနဲ့တွေ့ဖို့ကို ဖုန်းကလည်း တစ်ပတ်လောက်နေမှ တစ်ခါလောက်ပဲမိတယ်။ သူငယ်ချင်းတစ်ယောက်ကလည်း ဒီဘူတာအို သူ့မွေးရပ်မြေမှာ ဒီလိုမျိုး ထူးချွန်တဲ့သူတစ်ယောက်ရှိတယ်။ မင်းစိတ်ဝင်စားလားဆိုတော့ စိတ်ဝင်စားတယ် ငါလည်း ဘူတာအိုကို မရောက်ဖူးဘူး။ အဲဒါဆိုရင် ငါတို့ ကြိုးစားကြည့်မယ်ဆိုပြီးတော့ အဲဒီအမျိုးသမီးဆီကို ဆက်သွယ်တာပေါ့နော်။ ဘာခက်ခဲလဲဆိုတော့ သူတို့က မြန်မာလိုပြောရင် သိပ်ပြီးတော့ နားမလည်ဘူးပေါ့။ အဓိကကတော့ မမေရီကလည်း ရဝမ်လူမျိုးဖြစ်တယ်။ ရဝမ်ဘာသာစကားလည်း တတ်တဲ့အတွက်ကြောင့် သူပဲ အဲအမျိုးသမီးနဲ့ ချိတ်ဆက်ပေးတာပေါ့။

မမေရီ

Gender Equality ဆိုတာကလည်း ဒီဇာတ်ကားလေးရိုက်ပြီးတော့ ဘယ်လိုဖြစ်လဲဆိုတော့ အစတုန်းကတော့ ဘယ်လိုပြောမလဲ ယောကျ်ား၊ မိန်းမ ညီမတို့ဆီမှာလည်းရှိတယ် ယောကျ်ားဆိုတော့ ဘယ်လိုပြောမလဲ ဘုန်းကြီးတယ်ပေါ့နော်။ အဲဒီအတွက် သားဦးတွေဘာတွေဆိုရင်လည်း အမွေပေးကြတာမျိုးတို့ ရှိတယ်ပေါ့နော်။ အရင်တုန်းကတော့ ကိုယ်က သမီးပဲဆိုတဲ့ စိတ်ပဲ ရှိတယ်ပေါ့နော်။ သားတွေကို ဦးစားပေးတဲ့အခါကျတော့ သမီးဆိုတဲ့ စိတ်တော့ရှိတယ်။ နောက်ပိုင်းကျတော့ Gender Equality ကို နားလည်လာတဲ့အခါမှာ ယောကျ်ားနဲ့မိန်းမက တန်းတူပဲပေါ့နော်။ ဘုရားက အတူတူ ဖန်ဆင်းပေးထားတယ်ပေါ့နော်။ ယောကျ်ားမိုလို့ပဲ သူတို့က ပိုပြီးတော့ ဖြစ်ရမှာလား မိန်းမတွေလည်း မတတ်နိုင်ဘူးလားဆိုပြီးတော့ ခံစားလာရတာမျိုး ရှိတယ်ပေါ့နော်။ ပြီးလို့ရှိရင် ယောကျ်ားလုပ်နိုင်တဲ့ အလုပ်တွေလည်း မိန်းမလုပ်နိုင်တယ်။ အဓိကက မိန်းကလေးတွေ လုပ်နိုင်မယ့် Level ၊ အရာတွေကို ဖန်တီးပေးမယ်ဆိုလို့ရှိရင် အရာရာမှာ တန်းတူညီမျှလာမယ်ဆိုတာကို သဘောပေါက်လာပါတယ်။

မရူပါမိုမို

ရေခဲတောင်ကိုသွားဖို့အတွက်က ရန်ကုန်ကနေပြီးတော့ ကြိုတင်ပြင်ဆင်သွားတာမဟုတ်ဘူး။ ဟိုကိုရောက်တော့ မမေရီအမတွေကလည်း ရေခဲတောင်ကိုလည်း သွားပါလားတဲ့ ဒီအချိန် ရာသီဥတုက အရမ်းသွားလို့ကောင်းတဲ့ အချိန်ပေ့ါနော်။ အဲဒါနဲ့ ကိုယ်လည်း ရောက်လက်စနဲ့ သွားချင်တယ်ပေါ့နော်။ အဲကနေ သွားကျမယ်ဆိုပြီးတော့ စီစဉ်ကြတယ်။ စီစဉ်တဲ့အချိန်မှာ တစ်ရက်မှ အဆင်မပြေဘူး။ မိုးတွေကလည်း ဆက်တိုက်ရွာတယ်။ ရိုက်ကူးရေးရော ဘူတာအိုမှာရော ပြည့်ပြည့်ဝဝ အဆင်ပြေတယ်ဆိုတာ လုံးဝ မရှိပါဘူး။

မမေရီ

ရေခဲတောင်ကိုသွားတယ်ဆိုတာကလည်း ဘယ်လိုပြောမလဲ အရမ်းကြီး ကိုယ်သွားချင်တာလည်း ပါတယ်ပေါ့နော်။ ကာရိုက်တာသွားချင်တာလည်း ပါတယ်။ ပြီးလို့ရှိရင် အမျိုးသမီးတွေ ရေခဲတောင်ကို တက်နိုင်တယ်ဆိုတဲ့ အကြောင်းလေးပေါ့နော် ဒီဟာလေးကိုလည်း တစ်ဖက်တစ်လမ်းကနေ ပြောလိုက်ချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ 

မရူပါမိုမို

တစ်ဖက်တစ်လမ်းမှာလည်း အလုပ်တွေကို လျှောက်ထားပါတယ်။ ကိုယ့်ဝါသနာနဲ့ အတတ်နိုင်ဆုံး ကိုက်ညီတဲ့ အလုပ်တစ်ခုပေါ့နော်။ အကယ်၍ ကိုက်ညီမယ် သူတို့ဘက်က ခေါ်မယ်ဆိုရင်တော့ Income တစ်ခုအနေနဲ့ လုပ်မယ် ကိုယ့်ဘက်ကဝါသနာကိုလည်း မစွန့်လွှတ်နိုင်အောင် ရတဲ့အချိန်မှာ ရသလို ကြိုးစားပြီးတော့ တီထွင် ဖန်တီးသွားမှာပါ။ Documantry တွေက မြန်မာနိုင်ငံမှာ မကျယ်ပြန့်သေးဘူးပေါ့။ ကျယ်ပြန့်လာရင်လည်း Documantry တွေရိုက်တဲ့ Film maker တွေ Short တွေရိုက်တဲ့ Film maker တွေလည်း ဘယ်လိုပြောမလဲ အတိုင်းအတာတစ်ခုအထိ မှတ်တိုင်တစ်ခုမှာ ရှိနေမှာပါ။ အဲလိုမျိုးလေး ရှိအောင်လည်း မြန်မာနိုင်ငံကို ဖြစ်စေချင်တယ်။ ဟိုလိုမျိုး ရိုးရိုးဖလင်တွေ ဗီဒီယိုတွေ အဲဒါတွေကိုပဲ ဇောင်းမပေးစေချင်ဘူး။ Documantry Film ၊ Short Film တွေကိုလည်း တတ်တဲ့သူတွေ အများကြီးရှိပါတယ်။ အဲဒီ Documantry Film တွေကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Documantry ကို မသိတဲ့သူတွေတောင် ရှိတယ်။ အဲဒါတွေကို သိအောင်လို့ မြန်မာနိုင်ငံအနှံ့ ကျယ်ပြန့်စေချင်တယ်။ အဲဒါမှလည်း ကိုယ့်မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကိုလည်း လူထုကသိအောင် ရိုက်ပြသွားနိုင်မှာပါ။

မမေရီ

ကျွန်မတို့က Documantry တွေ ရိုက်တယ်ဆိုပေမယ့်လည်း ရုပ်ရှင်ရိုက်တဲ့သူတွေပါပဲ။ အဲဒီအတွက်ကြောင့် Feature Film ရိုက်တဲ့သူတွေကလည်း လက်တွဲခေါ်ပေးပြီးတော့ ပေါင်းပြီးရိုက်မယ်ဆိုရင် ပိုပြီးတော့မှ ကောင်းမွန်တဲ့ မြန်မာ့ရုပ်ရှင်လောကကြီးကို ဖန်တီးနိုင်မှာပါလို့။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly