ပီရက်ဇ်သည် ၎င်း၏တန်ဖိုးကို ပြသခဲ့ပြီးဖြစ်သည်ဟု အာစင်ဝင်းဂါး ချီးကျူး

ပီရက်ဇ်သည် ၎င်း၏တန်ဖိုးကို ပြသခဲ့ပြီးဖြစ်သည်ဟု အာစင်ဝင်းဂါး ချီးကျူး

စက်တင်ဘာ ၂၁၊ လန်ဒန် ။               ။ ပေါင် ၁၇ သန်းတန် တိုက်စစ်မှူး လူးကပ်စ် ပီရက်ဇ်သည် ထိပ်တန်း တိုက်စစ်မှူး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ်သည်ဟု အာစင်ဝင်းဂါးက ပြောသည်။

စပိန်တိုက်စစ်မှူးသည် အာဆင်နယ်က နော်တင်ဟမ်ဖောရက်ကို အဝေးကွင်းတွင် အနိုင်ရသည့်ပွဲစဉ်၌ နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

အာဆင်နယ်နည်းပြ ဝင်းဂါးက “ဒီညမှာ ပီရက်ဇ်ခြေစွမ်းပြခဲ့တယ်။ တိုက်စစ်မှူးတစ်ယောက်ဂိုးတွေသွင်းနိုင်တာက သူ့အတွက် လည်း ယုံကြည်မှုတိုးစေတယ်။

သူ့ရဲ့ ဒုတိယဂိုးအတွက် ကြိုးစားတဲ့အခါမှာ သူ့ရဲ့နည်းစနစ်ကိုလည်း ပြသနိုင်ခဲ့တယ်။ နွေရာသီမှာခေါ်ထားတဲ့ ကစားသမား တစ်ယောက် ဂိုးသွင်းနိုင်တာ ကျေနပ်စရာပါ။

ဒါပေမဲ့ အရိုးသားဆုံးပြောရရင် အရေးကြီးဆုံးက ကျွန်တော်တို့ နိုင်ပွဲရလိုက်တာပါပဲ။ ပရိသတ်တွေကလည်း ကစားသမားတွေဟာ အသင်းနဲ့ သင့်တော်တယ်ဆိုပြီး ယုံကြည်သွားမှာပါ”ဟု ပြောသည်။

နွေရာသီ အပြောင်းအရွှေ့ အတွင်းခေါ်ယူထားသည့် ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဇာခါသည်လည်း ခြေစွမ်းပြနေပြီး ဟားလ်စီးတီနှင့်ပွဲတွင် ကိုက် ၄၀ အကွာမှ သွင်းယူခဲ့သည့် ဂိုးနှင့်ဆင်တူသည့် ဂိုးမျိုးကို နော်တင်ဟမ်ဖောရက်နှင့် ပွဲတွင်လည်း အဖွင့်ဂိုးအဖြစ် ၂၃ ကိုက်အကွာမှ သွင်းယူခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags