ဆယ်ကျော်သက် အိမ်အကူအမျိုးသမီးနှစ်ဦး ညှင်းပန်း နှိပ်စက်ခံရမှုနှင့် ပတ်သက်၍ အမှုဖွင့်တိုင်ကြားခဲ့သူ ကိုဆွေဝင်း

ဆယ်ကျော်သက် အိမ်အကူအမျိုးသမီးနှစ်ဦး ညှင်းပန်း နှိပ်စက်ခံရမှုနှင့် ပတ်သက်၍ အမှုဖွင့်တိုင်ကြားခဲ့သူ ကိုဆွေဝင်း

မေး။   ။ အခုလက်ရှိ ဖြစ်နေတဲ့ ဒီကလေး နှစ်ယောက် ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ကိစ္စကို အစ်ကို့အနေနဲ့ ဘယ်လိုကနေ စပြီး သိရှိခဲ့တယ် ဆိုတာလေး စပြောပေးပါဦး။

ဖြေ။   ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ လေးလလောက်က Myanmar Now သတင်းဌာနက နေပြီးတော့ အိမ်အကူ မိန်းကလေးတွေ မြန်မာပြည်မှာ ဥပဒေကြောင်းအရ ဘယ်လို အကာအကွယ်မဲ့နေတယ်။ လုပ်အားခ နည်းနည်း နဲ့ ဘယ်လိုခေါင်းပုံဖြတ်ခံနေတယ်ဆိုတာနဲ့ ပတ်သတ်ပြီးတော့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်ပါတယ်။ အဲဒီ ဆောင်းပါးရေးပြီး သိပ်မကြာခင်ဘဲ လမ်း ၄ဝ၊ အထက် ဘလောက်မှာရှိတဲ့ အင်းဝအပ်ချုပ်ဆိုင်မှာ ဝင်ထွက် နေ တဲ့ အမျိုးသားတစ်ယောက်ကနေပြီးတော့ ကျွန်တော်တို့ သတင်းဌာနကို လာပြီးတော့ အကြောင်းကြားပါ တယ်။ အဲ့ဒီ အပ်ချုပ်ဆိုင်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးနှစ်ယောက်ကို အိမ်ရှင်တွေက ရက်ရက်စက်စက်ကို ညှင်းပန်းနှိပ်စက်နေတယ်။ နှစ်ရှည်လများ ညှင်းပန်းနှိပ်စက်နေတယ် လာကယ်ပါဆိုပြီး ကျွန်တော့်ကိုအကြောင်း ကြားလာပါတယ်။

မေး ။  ။ ဟုတ်ကဲ့ အစ်ကို ။ အဲဒီလို လာရောက် အကြောင်းကြားလာတော့ အစ်ကို့အနေနဲ့ ဘာဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့လဲ၊ ဒီကလေးတွေ တကယ်ပဲ နှိပ်စက်ခံနေရတယ်ဆိုတာကို အစ်ကို့အနေနဲ့ ဘယ်လိုလုပ် အတည် ပြုနိုင်ခဲ့တာပါလဲ ခင်ဗျ။

ဖြေ ။  ။ ကျွန်တော်တို့  မီဒီယာတွေ၊ သတင်းဌာနတွေဆိုတာကျတော့ အာဏာ ပိုင် အဖွဲ့အစည်းမဟုတ်တဲ့ အ တွက်ကြောင့်မို့လို့ အာဏာပိုင်အဖွဲ့အစည်းကိုလှမ်းပြီးတော့ အကြောင်းကြား လိုက်တယ်။ ကျောက်တံတား မြို့ နယ် ရဲစခန်းကို အကြောင်းကြားလိုက်တယ်။ အကြောင်းမကြားခင်မှာ ကျွန်တော်ကိုယ်တိုင် အဲ့ဒီ အင်းဝ အပ် ချုပ်ဆိုင်ကို ကျွန်တော် အထည် ချုပ်မယ့် လူပုံစံမျိုးပေါ့ ရုံးက သတင်းထောက်ကောင်မလေးတစ်ယောက်နဲ့ သွားခဲ့တယ်။ သွားပြီးတော့မှ အဲ့ဒီကလေးတွေရှိလား ဆိုတာကို ကျွန်တော်သွားလေ့လာတယ်။ လေ့လာတော့ ကလေးတွေကို တွေ့ခဲ့တယ်။ ကလေးတွေရဲ့လက်မှာ အိမ်အကူ ကလေးနှစ်ယောက်လုံးမှာ တူညီတဲ့ ပြတ်ရှ ဒဏ်ရာတွေ၊ အသားတွေ အတုံးလိုက် အတစ်လိုက်နဲ့ ပြတ်ရှဒဏ်ရာတွေ ကျွန်တော်တွေ့ခဲ့တယ်။ အဲ့ဒါနဲ့ ကျွန် တော် ကလေးတွေ မပါပါအောင် ဓာတ်ပုံ ရိုက်ပြီးတော့မှ အဲ့ဓာတ်ပုံနဲ့ ကျောက်တံတားရဲစခန်းကို ကျွန်တော်သွား ပြီးတော့ ဒီလိ ုဒီလိုရှိနေတယ်ဆိုတဲ့ အကြောင်းကို တိုင်းကြားလိုက်တယ်ပေါ့နော်။

မေး ။  ။ ဟုတ်ကဲ့ ။ အဲဒီတော့ ရဲစခန်းက ဘယ်လိုတုန့်ပြန်ခဲ့ပြီးတော့ ဘယ်လိုတွေ ဆက်ဖြစ်ခဲ့လည်းဗျ။ အဲဒီအတောအတွင်းမှာပေါ့နော်။ အရေးယူထတာတွေ ဘာတွေက အစပေါ့။

ဖြေ ။  ။ ရဲစခန်းကနေပြီးမှ ကျွန်တော်ကို အကြောင်းပြန်လာခြင်းမရှိဘူး။ ကျွန်တော်တိုင်ကြားပြီးတဲ့ နောက် နေ့ကစပြီးတော့ နေ့တိုင်းဖုန်းဆက်တယ် တစ်ပတ်နှစ်ပတ်လောက်ဆက်တိုက် ကျွန်တော်နေ့တိုင်း ဖုန်းဆက် တယ်။ အမှုနဲ့ ပတ်သတ်ပြီးတော့ ရဲတပ်ဖွဲ့က ဘယ်လိုကိုင်တွယ်နေလည်း ကျွန်တော်သိချင်လို့။ ဒါပေမယ့် ဘာမှ ရဲတပ်ဖွဲ့က နေပြီးမှ တိကျတဲ့ အဖြေဘာမှ မပေးလာဘူး။ အဲ့ဒါနဲ့ကျွန်တော် မြန်မာနိုင် ငံလူ့အခွင့်အရေး ကော်မ ရှင်ကို စာရေးပြီး လှမ်းအကြောင်းကြားလိုက်တယ်။ ကျွန်တော်ရည်ရွယ်ချက်ကတော့ လူ့အခွင့်အရေး ကော်မရှင် ကနေပြီးတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို ဒီကိစ္စကိုကိုင်တွယ်ဖို့ အကြံပေးအောင် တိုက်တွန်း ပေးအောင် ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကော်မရှင်ကို အကြောင်းကြားလိုက်တယ်။ အဲ့ဒါ လွန်ခဲ့ တဲ့ သုံးလလောက်ကပေါ့။ အဲ့အချိန်က စပြီးတော့ ကျွန်တော် ဒီအမှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဘာမှ မ သိရ တော့ဘူး။ ရဲတပ်ဖွဲ့ကို နောက်ပိုင်းကျွန်တော်ဖုန်းဆက်တယ်၊ သူတို့ဆီက ဘာမှ အဖြေမသိရဘူး။ ကော် မရှင်ကိုဖုန်းဆက်တယ် ၊ ကော်မရှင်ဆီက အဖြေ ဘာမှ မသိရဘူး။

ဟုတ်ကဲ့ ။ ဆက်ပြောပါ အစ်ကို……

အဲ့ဒါနဲ့ လွန်ခဲ့တဲ့ ကြာသပတေးနေ့ ၁၅ ရက်နေ့က ကော်မရှင်က ဆင့်ခေါ်လို့ ကျွန်တော် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ရုံးရှိတဲ့ ပြည်လမ်းကို ကျွန်တော်သွားတယ်။ သွားတဲ့အခါမှာ ကလေးမိဘတွေ ရောက် နေတယ် ၊ ပြီးတော့အမှုကို ကျူးလွန်ထားတဲ့ အင်းဝအပ်ချုပ်ဆိုင်က ပိုင်ရှင်တွေ လေးယောက်ရောက်နေတယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့ရောက်နေတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဇော်ဝင်း အပါအဝင် အဖွဲ့ဝင်တွေ ရောက်နေတယ်ပေါ့။ အမှုဖြစ်စဉ်က အဲ့ဒါပါပဲ။

မေး ။  ။ အဲဒီ ရောက်တော့ကော ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကုန်သိရလားဗျ။ ဥပမာ ကလေးတွေရဲ့ မိဘ တွေကနေ သူတို့ကလေးတွေကို နှိပ်စက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ ပြန်ပြောပြတာမျိုးတို့၊ ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းထားတာမျိုးတို့ပေါ့လေ။

ဖြေ ။  ။ အဲ့ဒီမှာ ရဲတပ်ဖွဲ့ကနေပြီးတော့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၁ မျက်နှာ အစီ ရင်ခံစာတစ်ခုကို ပေးပို့တယ်ဆိုတာကို ကော်မရှင်က ပြောပြလို့ ကျွန်တော် သိခဲ့ရတယ်။ နောက်ပြီးတော့ အဲ့ ၂၁ မျက်နှာရဲ့ အနှစ်ချုပ်ကို ကော်မရှင်အဖွဲ့ဝင်တစ်ယောက်ကနေပြီးတော့ ဖတ်ပြတယ်။ ရဲတပ်ဖွဲ့ အစီရင်ခံ စာ ပေါ့၊ အဲ့အစီရင်ခံစာမှာ ဘာတွေအသေးစိတ်ဖော်ပြထားလဲဆိုတော့ ကလေးတွေကို ညှင်းပန်းနှိပ် စက်နေ တယ် ၊ ကလေးတွေကို ကျွန်ပြုနေတယ်၊ ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အခါမှာလည်း သေချာစစ်ဆေးလို့မရဘူး၊ ဘာလို့ လဲ ဆိုတော့ အိမ်ရှင်တွေက ခြိမ်းခြောက်ထားတဲ့အတွက်ကြောင့် ကလေးတွေက သေချာ မပြောဘူး။ နောက် က လေး တွေရဲ့ လုပ်အားကို တစ်လ ၁၅၀၀၀ နဲ့ဆိုပြီးတော့ လစာပေးထားပြီး ခေါင်းပုံဖြတ်တယ်။ ပထမ ရောက် ကာစ တစ်နှစ် နှစ်နှစ်မှာ မိဘတွေကို လစာပေးထားတယ် ၊ နောက်ပိုင်းသုံးနှစ်လောက်မှာ လုံး၀ လစာမပေးဘဲနဲ့ ကလေးတွေကို မတရားဖမ်းဆီးချုပ်နှောင်ထားတယ် ၊ မိဘတွေလာလို့ရှိရင် ကလေးတွေမရှိဘူးဆိုပြီးတော့မှ မိဘတွေကိုလိမ်ညာထားတယ်။ ဆိုတော့ ကျွန်ပြုမှုတွေ ခေါင်းပုံဖြတ်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ၊ ပြုလုပ်ထား  တဲ့ အတွက်ကြောင့် ဒီကိစ္စကို ဥပဒေအတိုင်း အရေးယူသင့်ပါတယ်ဆိုပြီးတော့ ရဲတပ်ဖွဲ့ကနေပြီးတော့မှ အဲ့ဒီ အစီရင်ခံစာမှာ အကြံပြုထားတယ်။ အဲ့ဒါပြီးတော့ ကော်မရှင်ကနေပြီးတော့မှ နှစ်ဦးနှစ်ဖက် ကလေးမိဘတွေနဲ့ ဒီကျူးလွန်ထားတဲ့သူတွေနဲ့ စေ့စပ်ညှိနှိုင်းကြပါ ဆိုပြီးတော့မှ လမ်းကြောင်းဖွင့်ပေးလိုက်တယ်ပေါ့။

မေး ။  ။ အော်..ဟုတ်ကဲ့ဗျ။ ဒါဆိုတော့ အဲဒီလို လမ်းဖွင့်ပေးလိုက်တာနဲ့ပဲ အခုလိုမျိုး သိန်းလေးဆယ်တို့ ဆယ်သိန်းတို့နဲ့ ညှိနှိုင်းလို့ရသွားကြတာပေါ့။ ကန့်ကွက်ကြသေးလား။ အစ်ကို မြင်တွေ့ခဲ့သလောက် ပြော ပြပေးပါဦး။

ဖြေ ။  ။ ဖွင့်ပေးလိုက်တဲ့အခါမှာ ကျွန်တော်က ထပြီးတော့ ကန့်ကွက်ပါတယ်။ ဒါ ဥပဒေလမ်းကြောင်းအတိုင်း ဖြစ်သင့်တဲ့အမှုဖြစ်တယ်။ ဒီလိုမျိုး ဖြေရှင်းလို့မရဘူး၊ မဖြေရှင်းသင့်ဘူးဆိုပြီး ကျွန်တော်ပြောပါတယ်ခင်ဗျ။ ဒါကို ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကနေပြီးတော့ ကျွန်တော့်ကို မပြောပါနဲ့ ၊ ကာယကံရှင်မိဘတွေကပဲ ဆုံးဖြတ်ပါ ဆိုတော့ ကျွန်တော်ဘာမှ ပြောခွင့်မရခဲ့ဘူး။ ကာယကံရှင်မိဘတွေဆုံးဖြတ်ဆိုတော့ ကာယကံရှင်မိဘတွေကို ကျွန်တော်စကားပြောကြည့်လိုက်တော့ သူတို့က ရန်ကုန်မြို့တောင် ကောင်းကောင်းမရောက်ဖူးဘူး။ ကော်မရှင် ရုံးခန်းမှာ ဆိုတော့ သူတို့တွေက ပိုပြီးတော့မှ ကြောက်လန့်ပြီးတော့ ထိတ်လန့်နေကြတယ်။ နောက်ပြီး ကလေး မိဘ တွေကို ကျွန်တော်မေးမြန်းကြည့်တဲ့အခါမှာ စာတောင် မဖတ်တတ်ဘူး။ ဥပဒေဆိုတာ ဝေလာဝေး စာ တောင် မဖတ်တတ်ဘူး အဲ့ဒီအခြေနေမှာ ဒီအမှုကြီးကို ဘယ်လိုဖြေရှင်းရမလဲ မသိဘူးဖြစ်နေတယ် ။ မိဘတွေ က ကျွန်တော်တွေ့မြင်ခဲ့တာမိဘတွေက ဒီအမှုနဲ့ပက်သက်ပြီးတော့ ငွေကြေးရလိုတဲ့ စိတ်မရှိဘူး။ သူတို့ သား သမီးတွေ အခုသူတို့ရွာကို ပြန်ရောက်ပြီဆိုတာကိုပဲ သူတို့ ကျေနပ်နေတာ ။ ငွေကြေးနဲ့ ဖြေရှင်းရမယ် ဆိုတာ လည်း သူတို့ ခေါင်းထဲမရှိဘူး။ ဒါပေမယ့် ကော်မရှင်ဘက်ကနေပြီး အဲ့လို ညှိနှိုင်းပါလို့ပြောလိုက်တဲ့အချိန်မှာ ကျူးလွန်ထားတဲ့ သူတွေကနေပြီးတော့ ငွေကြေးနဲ့ဖြေရှင်း လို့ရတယ်ဆိုတဲ့ အနေအထားကို စပြီး စကား ပြောလာတယ်။

မေး ။  ။ ဘယ်လိုမျိုးကိုလဲ အစ်ကို။

ဖြေ ။  ။ အဲ့ဒီ အချိန်မှာ တခြား ကော်မရှင်အဖွဲ့ဝင်တစ်ချို့တို့ကမှ ဒီမိဘ တွေကိုပြောတယ်။ ဥပဒေ လမ်း ကြောင်းအတိုင်း လုပ်မယ်ဆိုလို့ရှိရင်  ရှုပ်ထွေးမယ်။ တောကနေပြီး မြို့ပေါ်တက်ပြီး ရုံးချိန်းတွေနဲ့ဆို ဒုက္ခ ရောက်မယ် ဆိုပြီးတော့ မသိမသာ ဥပဒေလမ်းကြောင်း အတိုင်းမသွားဘူးဆိုပြီးတော့ မိဘတွေကို ပြော ဆိုတယ်။ အဲ့ဒီ့အချိန်မှာ မိဘတွေက ဇဝေဇဝါဖြစ်လာပြီးတော့မှ လက်ဆယ်ချောင်း ကျိုးထားတာပေါ့။ လက် ဆယ်ချောင်းကျိုးထားတယ်။ လက်မောင်းလည်း ရိုက်ချိုးခံထားရတယ်။ အဲဒီ စန်းကေခိုင်ရဲ့ မိခင်ပေါ့ နော် ။ ဒေါ်ညိုညိုဝင်း ကနေပြီးတော့ သူသိန်းလေးဆယ်နဲ့ ရလို့ဆိုပြီးတော့ လုပ်အားခအပါအဝင် လွန်ခဲ့တဲ့ သုံးနှစ်လုံး မှာ မရခဲ့တဲ့ လုပ်အားခ အပါအဝင် နှစ်နာကြေးတွေ အားလုံးအပါအဝင် သိန်းလေးဆယ်နဲ့ သူကြေနပ် လိုက် တယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ကောင်မလေးကျတော့ ကပ်ကြေး ဒဏ်ရာတွေ၊ ဓားဒဏ်ရာတွေ လည်း ရှိတယ်။ ဒါပေမယ့် မကျိုးလို့ဆိုပြီးတော့ သူ့ကို ၁၀ သိန်းနဲ့၊ သူလည်း လုပ်အားခတွေ အပါအဝင် နစ်နာခဲ့တဲ့ လွန်ခဲ့တဲ့ ၃နှစ်လောက်က လုပ်အားခတွေ စုစုပေါင်း အပါအဝင်နော်။ အဲဒီ ၁၀သိန်းနဲ့ ကျေနပ်လိုက်တယ်ပေါ့။ ဆိုတော့ အဲဒါနဲ့ပဲ အမှုက ပြီးသွားတယ်ပေါ့ဗျာ။

မေး ။  ။ ဟုတ်ကဲ့ပါ ။ အဲဒီတော့ ဒီကိစ္စ ပေါ့လေ၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စတင်ဖော်ထုတ်ခဲ့တဲ့ လူတစ်ယောက်လည်း ဖြစ်တယ်။ ရဲစခန်းမှာလည်း ကိုယ်တိုင်သွားရောက် တိုင်ကြားခဲ့တဲ့ လူတစ်ယောက် ဖြစ်တယ် ။ ပြီးတော့ လူ့အခွင့်ရေး ကော်မရှင်ကိုပါ စာပို့တိုင်ကြားခဲ့တဲ့ လူတစ်ယောက် ဖြစ်တယ် ဆိုတော့ ဒီဖြစ်စဉ်အစအဆုံးအပေါ်မှာ အစ်ကို့ရဲ့ အမြင်လေး ပြောပါဦး။ ဒီကိစ္စ ကိုင်တွယ်ဖြေရှင်းကြတဲ့ တာဝန်ရှိသူတွေအပေါ် အစ်ကို့အနေနဲ့ ဘယ်လို သုံးသပ် ချင်လဲဗျ။

ဖြေ ။  ။ ကျွန်တော်မြင်တာက ကလေးမိဘတွေက သူတို့ ငွေကြေးလိုချင်လို့မဟုတ်ဘူး။ သူတို့ ဘယ် လို ဖြေရှင်း ရမှန်း မသိဘဲနဲ့ ဖြစ်ပေါ်လာတဲ့ အခြေနေမှာ သူတို့တွေ သူတို့စိတ်ထဲ ထင်ရာမြင်ရာကို လုပ်ပြီးတော့မှ ဒီအမှုကို သိမ်းသွားတယ်။ သူတို့ပြန်သွားတယ်ပေါ့နော်။ ကျွန်တော့် အမြင်ကတော့ လူ့အခွင့်ရေး ကော်မရှင် လုပ်တာကပေါ့နော်။ ဥပဒေ မဏ္ဍိုင် တစ်ခုလုံးကနေ လွှဲဖယ်ပြီးတော့မှ လုပ်ဆောင်တယ်လို့ ကျွန်တော်မြင် တယ်။ ဘာလို့လည်းဆိုတော့ ကော်မရှင်ရဲ့ တာဝန်ဟာ လူအခွင့်အရေး စံချိန် စံညွန်းနဲ့အညီ ဥပဒေ အတိုင်း လုပ် ဆောင်ကြဖို့ဆိုပြီးတော့ အစိုးရအဖွဲ့တွေ အာဏာပိုင်အဖွဲ့အစည်းတွေကို အကြံပေး ဖို့ဖွဲ့ ထားတဲ့ အဖွဲ့ အ စည်း။ အဲ့တာကို ဥပဒေအတိုင်း တရားရုံးမှာ မစီရင်ပဲနဲ့ ဥပဒေအပြင်ဘက်ကနေပြီး ငွေများငွေနိုင်ဆိုပြီးတော့မှ ဆုံးဖြတ်တာကို အားပေးအားမြောက်ပြုသွားတယ်လို့ကျွန်တော်ကတော့ ဒီလိုမြင်တယ် 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly