နိုင်ဂျီးယားတွင် ကြည်းရေလေ ကာကွယ်ရေးဦးစီးချုပ်များကို ဖယ်ရှားကာ သမ္မတက ဦးစီးချုပ်သစ်များ ခန့်အပ်

နိုင်ဂျီးယားတွင် ကြည်းရေလေ ကာကွယ်ရေးဦးစီးချုပ်များကို ဖယ်ရှားကာ သမ္မတက ဦးစီးချုပ်သစ်များ ခန့်အပ်

နိုင်ဂျီးရီးယားသမ္မတ မိုဟာမတ်ဒူဘူဟာရီသည် ကြည်းရေလေတပ်မတော်အကြီးအကဲများအား ရာထူးမှ ဖယ်ရှားပြီးနောက် ကာကွယ်ရေးဦးစီးချုပ်သစ်များကို ခန့်အပ်လိုက်သည်။

စစ်တပ်အကြီးအကဲများကို ရာထူးဖယ်ရှားကာ အသစ်ခန့်အပ်ခြင်းသည် အစ္စလာမ်မစ်စစ်သွေးကြွဘိုကိုဟာရမ်များကို တိုက်ခိုက် ရာ စစ်တပ်စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး သမ္မတအား ဝေဖန်မှုများရှိနေ၍ ယခုကဲ့သို့ လုပ်ဆောင်ခြင်ဖြစ်ဖွယ်ရှိသည်။

ဘိုကိုဟာရမ်အစ္စလာမ်မစ်များက မကြာသေးမီက ပြောက်ကျားစစ်ဆင်ရေးဆင်နွှဲခဲ့ရာ လူပေါင်း ၂၅၀ ကျော်ထက်မနည်းသေဆုံး ခဲ့ရသည်။

၂၀၀၉ ခုနှစ်ကစတင်ကာ တိုက်ခိုက်မှုများ ကျုးလွန်လာသဖြင့် ဘိုကိုဟာရမ်တို့ လက်ချက်ကြောင့်သေဆုံး သူပေါင်း ၁၀၀၀၀ကျော် ထက်မနည်းရှိနေပြီဖြစ်သည်။

အသစ်ခန့်အပ်သည့် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် တူကာယူဆက်ဘူရာတိုင်းနှင့် အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ် ဘာဘာဂါနာမွန်ဂန်နိုတို့နှစ်ဦးစလုံးသည် ပဋိပက္ခများ အဓိကဖြစ်ပွားနေရာ ဘော်နိုပြည်နယ်မှဖြစ်ကြသည်။

တပ်မတော်အကြီးအကဲသစ်အနေဖြင့် ဘိုကိုဟာရမ်များအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံ များဖြစ်ကြ သည့်ချဒ်၊ ကမ်မာရွန်းနှင့် နိုင်ဂျာနိုင်ငံများနှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly