ရန်ကုန်မြို့ပြ စီမံကိန်းကို ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲနေ

ရန်ကုန်မြို့ပြ စီမံကိန်းကို ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲနေ
ရန်ကုန်မြို့ပြ မြင်ကွင်းများ (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ။               ။ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို ခေတ်ကာလနှင့်အညီ လိုက်လျောညီထွေရှိအောင် ပြန်လည် ပြင် ဆင်ရေးစွဲနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်း ညွှန်ကြားရေးမှူး ဒေါက်တာတိုးအောင်က ပြောသည်။

" ဒီစီမံကိန်းက ၂၀၁၃ က ရေးဆွဲထားတာလေ။ အဲ့ဒါကို ပြန်ပြီး update လုပ်တဲ့သဘောပါ၊ ကြီးကြီးမားမား ထွေထွေထူးထူး မပြင်ပါဘူး" ဟု ဒေါက်တာတိုးအောင်က ပြောသည်။

ပြန်လည်ပြင်ဆင်မည့် စီမံကိန်းတွင် ယခင်လျာထားပြီးသည့်အတိုင်း မြို့သစ်စီမံကိန်းများ ဖော်ထုတ်သွားနိုင် ရန်အတွက် စီစဉ်ထားရှိကြောင်း ၎င်းက ပြောသည်။

" အရင် လျာထားပြီးသား သန်လျင်၊ မှော်ဘီ ၊ ကြည့်မြင်တိုင်လို နေရာမျိုးတွေကို အဓိကထားပြီးရေး ဆွဲသွား မယ်" ဟု ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ်က ရေးဆွဲခဲ့သည့် စီမံကိန်းတွင် ပါဝင်သည့် ရှေးဟောင်းအဆောက်အဦးများ ထိန်းသိမ်းခြင်း ၊ စီး ပွားရေး စီမံကိန်းသစ်များ ဖော်ထုတ်ခြင်းများကို ယခင်အတိုင်းသာ ထားရှိသွားမည် ဖြစ်ကြောင်းလည်း သိရ သည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းကို ၂၀၁၃ ခုနှစ်က ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းပြီး ရေးဆွဲခဲ့ခြင်းပြီး တိုးတက်လာမည့် လူဦးရေအတွက် ရန်ကုန်မြို့ကို ၂၀၅၀ အထိ ရည် ရွယ်ပြီး ရေးဆွဲထားခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ရန်ကုန်မြို့ပြ စီမံကိန်းကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်း၍ ပြန်လည် ရေးစွဲနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly