ရဲဖမ်းဆီးရာမှ အသက်ရှုမွန်းကျပ်ပြီး သေဆုံးခဲ့သည့် လူမည်း အမျိုးသား၏ မိသားစု ကိုဒေါ်လာ ငါးသန်းကျော်ထောက်ပ့ံပေးမည်

ရဲဖမ်းဆီးရာမှ အသက်ရှုမွန်းကျပ်ပြီး သေဆုံးခဲ့သည့် လူမည်း အမျိုးသား၏ မိသားစု ကိုဒေါ်လာ ငါးသန်းကျော်ထောက်ပ့ံပေးမည်

ရဲများက အကြမ်းဖက်ဖမ်းဆီးမှုအတွင်း သေဆုံးသွားခဲ့သည့် အယ်ရစ်ဂါနာ၏ မိသားစုဝင်များသို့ နယူးယောက်မြို့ တာဝန်ရှိသူများ ကအမေရိကန်ဒေါ်လာ ၅ ဒသမ ၉ သန်းပေးရန် သဘောတူလိုက်သည်။

ဂါနာသေဆုံးခဲ့ရသည့် ရဲဖမ်းဆီးမှုကို ဗီဒီယိုမှတ်တမ်းရှိထားပြီး ဂါနာက "ကျွန်တော် အသက်ရှုမရတော့ဘူး။" ဟု ပြောဆိုနေပုံ ကို မြင်တွေ့ရသည်။ ရဲများ၏ လုပ်ရပ်ကို နိုင်ငံအနှံ့ဆန္ဒပြမှုများ ပေါ်ပေါက်ရာတွင် ထိုဂါနာ ပြောခဲ့သည့် စကားက ဆန္ဒပြပွဲများ ၏ကြွေးကြော်သံဖြစ်ခဲ့သည်။

ဂါနာသေဆုံးမှုသည် အမေရိကန်တွင် ဖြစ်ပွားသည့် ရဲများကြောင့် လူသေဆုံးမှုများအနက် တစ်ခုဖြစ်သည်။

လက်နက်မဲ့လူမည်းတစ်ဦးကို လူဖြူရဲအရာရှိများ ပစ်သတ်မိခြင်းကြောင့် ဆန္ဒပြမှုများလည်း ပေါ်ပေါက်ခဲ့ဖူးသည်။

၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်က ဂါနာအား အခွန်မဲ့စီးကရက်များရောင်းချမှုဖြင့် စတိုးဆိုင်တစ်ဆိုင်အပြင်ဖက်တွင် ရဲများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ အကြမ်းဖက်ဖမ်းဆီးခဲ့မှုကြောင့် ဂါနာသေဆုံးခဲ့ခြင်းဖြစသည်။

ဂါနာက ရဲများနှင့်ငြင်းဆန်စကားများပြီး လက်ထိပ်အခတ်မခံဘဲရှိနေစဉ် ရဲတစ်ဦးဖြစ်သည့် ဒန်နီယယ်ပန်တယ်လီရိုက လည်ပင်း ကို ညှစ်ကိုင်ထားခြင်းဖြစ်သည်။ ထိုသို့လည်ပင်းသိုင်းဖက်ချုပ်ကိုင်ကာ နပန်းလုံးပြီး မြေသို့အတင်းချုပ်လှဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးခံရရာမှ ပန်းနာရောဂါသည်တစ်ဦးဖြစ်သဖြင့် ဂါနာမှာ အသက်ရှုမဝဖြစ်ကာဆေးရုံ အရောက်သေဆုံးခဲ့ခြင်းဖြစ် သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly